This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - www.naysanoo.com

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara -www.naysanoo.com

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - www.naysanoo.com

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - www.naysanoo.com

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - www.naysanoo.com

Recent Posts

to Nay San Oo's Planet

Friday, February 10, 2012

လည်ချောင်းနာခြင်း သက်သာစေမည့် အိမ်တွင်းနည်း ၁၀ နည်း



လည်ချောင်း နာနေသလား၊ လည်ချောင်း နာနေချိန်မှာ အမြန် သက်သာစေမယ့် လွယ်ကူတဲ့ အိမ်တွင်း ကုထုံးတွေကို လိုက်နာပေးမယ် ဆိုရင် အမြန်ဆုံး သက်သာ သွားပါလိမ့်မယ်။

၁) အနားယူပါ

လည်ချောင်းနာနေတဲ့ အချိန်မှာ ပြည့်ပြည့်ဝဝ အနားယူပေးဖို့ လိုအပ်ပါတယ်။ အနားယူနေစဉ် အတောအတွင်း ရေနဲ့ သစ်သီးဖျော်ရည်လို အရည်ကို အများအပြား သောက်ပေး သင့်ပါတယ်။

၂) ဆားရေနွေးဖြင့် ပလုတ်ကျင်းပါ

လည်ချောင်းနာနေတဲ့အခါ အာခေါင်ထဲအထိ ရောက်အောင် ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးရမှာ ဖြစ်ပါတယ်။ ပြုလုပ်နည်းမှာ ရေတစ်ဖန်ခွက်ထဲကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး ဖျော်ရမှာ ဖြစ်ပါတယ်။

၃) ငုံဆေးငုံပါ

လည်ချောင်းနာ ပျောက်စေမယ့် ငုံဆေး (Lozenges) ကို ငုံပေးရင် လည်ချောင်းနာတာကို သက်သာစေပါတယ်။

၎) အခန်းတွင်း လေထု နွေးထွေးနေပါစေ

အေးမြနေတဲ့ အချိန်မှာ အခန်းတွင်း ရာသီဥတု နွေးထွေးနေအောင် ထားပါ။ ဒါဟာ အသက်ရှူ လမ်းကြောင်းအတွင်း ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သက်သာစေပါတယ်။

၅) ပျားရည်ထည့်ထားသော လက်ဖက်ရည်ကြမ်း သောက်ပါ

ပျားရည်ခတ်ထားတဲ့ လက်ဖက်ရည်ကြမ်း သောက်သင့်ပါတယ်။ ဒီအိမ်တွင်း ကုထုံးဟာ လူအများစုကို သက်သာစေပြီး ခန္ဓာကိုယ် အရည်ဓာတ် ပိုရောက်ရှိစေတဲ့နည်း ဖြစ်ပါတယ်။

၆) ရေနွေးငွေ့ရှူပါ

ရေနွေးငွေ့ရှူတာက လည်ချောင်းနာတာကို သက်သာစေတဲ့နည်းပါ။ ရေနွေးငွေ့ကို ပါးစပ်နဲ့ နှာခေါင်းကို သုံးပြီးအချိန် ငါးမိနစ်ခန့် ခပ်ပြင်းပြင်း ရှူပေးပါ။ တစ်နေ့တာအတွင်း အကြိမ်များစွာ လုပ်ပေးနိုင်ပါတယ်။ ရေနွေးပူ မလောင်အောင် သတိထားဖို့တော့ လိုပါတယ်။

၇) ကြက်စွပ်ပြုတ်သောက်ပါ

ပူနွေးတဲ့ ကြက်စွပ်ပြုတ် တစ်ခွက်ကို သောက်ပေးတာက လည်ချောင်းနာတာကို သက်သာစေတဲ့အပြင် အအေးမိချင်သလိုလို ခံစားနေရတဲ့ နွမ်းနယ်ပင်ပန်းမှု ဝေဒနာတွေကိုလည်း လျော့ပါးစေပါတယ်။

၈) အိပ်ရေးဝဝအိပ်ပါ

နွေးနွေးထွေးထွေးနေပြီး အိပ်ရေးဝဝ အိပ်စက် အနားယူတာကြောင့်လည်း လည်ချောင်းနာတာ သက်သာသွားစေ နိုင်ပါတယ်။

၉) ရေခဲရေရှောင်ပါ

လည်ချောင်း နာကျင်နေခိုက်မှာ ရေခဲရေနဲ့ ရေခဲပါတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ပြီး သွားနဲ့ခံတွင်း သန့်ရှင်းရေးကိုပါ ထိန်းသိမ်းပေးဖို့ လိုပါတယ်။

၁၀) အကိုက်အခဲပျောက်ဆေး သောက်ပါ


လည်ချောင်းနာကျင်မှုနဲ့အတူ ခန္ဓာကိုယ် တစ်ခုလုံး ကိုက်ခဲနာကျင်နေရင် နာကျင်မှု သက်သာစေဖို့ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတဲ့ အကိုက်အခဲ ပျောက်ဆေးကို သောက်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်သော ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ

ဦးနှောက်အတွင်းမှာ ထုတ်လုပ်နိုင်တဲ့ စိတ်ခံစားမှုကို ပြောင်းလဲစေ နိုင်တဲ့ ဓာတုပစ္စည်း သုံးမျိုး ရှိပါတယ်။ Dopamine၊ Norephinephrine နဲ့ Serotonin လို့ ခေါ်ပါတယ်။ Dopamine နဲ့ norephinephrine ဟာ စိတ်ဓာတ် တက်ကြွစေနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး ပရိုတင်း အသားဓာတ်မှာ တွေ့ရှိနိုင်တဲ့ Amino Acid Tyrosine စားသုံးတာကြောင့် အဲဒီ ဓာတုပစ္စည်းတွေ ဦးနှောက်မှ ထုတ်လုပ်မှုအား ပိုကောင်းနိုင်ပါတယ်။

Serotonin မှာမူ ဦးနှောက်အတွင်းမှာ ရှိနေတဲ့ အချိန်ပေါ် မူတည်ပြီး စိတ်ငြိမ်တာ ဒါမှမဟုတ် အာရုံစူးစိုက်မှု ကောင်းစေတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ ကာဗိုဟိုက်ဒရိတ် (ကစီ) ဓာတ် စားသုံးမှုကြောင့် ဦးနှောက်အတွင်း amino acid tryptophan တွေ များလာကာ Serotonin ထုတ်လုပ်မှု ပိုများလာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု အမျိုးအစားကိုလိုက်ပြီး ဦးနှောက်အတွင်း ဓာတုပစ္စည်းတွေ ထွက်ရှိလာနိုင်ဖို့ စားရမယ့် အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ရည်ရွယ်ထားသော လုပ်ငန်းခွင် ဖိစီးမှုအတွက် ကြိုတင်ပြင်ဆင်ခြင်း

စည်းဝေးပွဲလိုမျိုး၊ လူအများရှေ့ စကားပြောရမယ့် အခါလိုမျိုး၊ စာမေးပွဲဖြေခါနီးလိုမျိုး ဒါမှမဟုတ် လူတွေ့ စစ်ဆေးမေးမြန်းခံရမယ့် အခါမျိုးမှာ သင့်စိတ်ဓာတ်တွေ တက်ကြွနေဖို့ လိုအပ်ပါတယ်။ စိုးရိမ်စိတ် များစရာ မလိုပါ။ အဲဒီလိုမျိုး အခြေအနေတွေမှာ အောက်ပါတို့ကို လိုက်နာပါ။

အဆီအအိမ့်တွေ မစားပါနဲ့

ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှုနည်းတဲ့ အစာတွေသာ စားပေးပါ။ငါး ဒါမှမဟုတ် အသား (lean meat) လိုမျိုး အဆီနည်းပါးစွာ ပါဝင်တဲ့ ပရိုတင်းတွေ စားပေးပါ။ ဒါမှ ဦးနှောက်စွမ်းအင် မြင့်တက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ထွက်ရှိလာမှာပါ။

- ခန္ဓာကိုယ်ရဲ့ ကဖင်းအဆင့် ပုံမှန်သာ ရှိပါစေ

သင် နေ့စဉ် ကော်ဖီသောက်တတ်ရင် ကော်ဖီ သောက်မြဲသောက်ပါ။ အဲဒီလိုအချိန်မျိုးမှာ ကော်ဖီမသောက်ဘဲ ဖြတ်ထားရင် ခေါင်းကိုက်တာ ဒါမှမဟုတ် အားအင်ကုန်ခန်းတာလိုမျိုး Withdrawl လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။ သင်ဟာ ကော်ဖီသောက်လေ့ မရှိသူ ဖြစ်နေရင်လည်း အဲဒီနေ့မှာ ကော်ဖီသောက်မသွားပါနဲ့။

- အရက်မသောက်ပါနဲ့


သင်ဟာ လူမှုရေးအရ အရက် သောက်ကိုသောက်ရမယ်ဆိုရင်လည်း သင်ရဲ့ လုပ်ဆောင်ချက်တွေ မလုပ်ခင် အချိန်နဲ့ အနည်းဆုံး သုံးနာရီ ခြားပြီးမှသာ သောက်ပါ။

- စားသောက်ချိန် သတိထားပါ

သင်လုပ်ရမယ့် လုပ်ဆောင်ချက်မတိုင်ခင် နှစ်နာရီကြိုတင်ပြီး အစာစားထားပါ။ ဒါမှ အစာခြေဖို့ အချိန်ရပြီး အစာခြေနိုင်ဖို့အတွက် သင့်ဦးနှောက်မှ သွေးတွေ အစာခြေအဖွဲ့ကို ရောက်ရှိချိန် ပြီးဆုံးသွားမှာပါ။

- အစာမရှိဘဲ အလုပ်မလုပ်ပါနဲ့

ဗိုက်ဆာလွန်းတာနဲ့ ဖိစီးမှုတွေ ပူးပေါင်းသွားပြီး သင် ခေါင်းကိုက်တာ ဒါမှမဟုတ် ပျို့အန်ချင်တာ ဖြစ်တတ်ပါတယ်။

ဒေါက်တာ ခင်မိုးမိုး

Friday, January 27, 2012

မျက်ကပ်မှန်တပ်သူတိုင်းအတွက်

မျက်ကပ်မှန်တပ်တဲ့ သူငယ်ချင်းများအတွက် မျက်ကပ်မှန်ကို အဆင်ပြေပြေတပ်နိုင်အောင် မျက်ကပ်မှန်ကြောင့် မျက်စိမထိခိုက်ရအောင် ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြမယ်နော်။

Always

- မျက်ကပ်မှန်တွေကို ပူလွန်းအေးလွန်းတဲ့နေရာမှာ မထားပါနဲ့။

- မျက်ကပ်မှန်တွေကို မကိုင်ခင် လက်ကို ဆပ်ပြာအပျော့စားလေးနဲ့ သေချာဆေးပေးပါ။

- အမွှေးမပါတဲ့ပုဝါနဲ့ လက်ကို ခြောက်အောင် သုတ်ပေးပါ။

- ညာဖက်မျက်ကပ်မှန်ကို အရင်ချွတ်ရင် အမြဲညာဘက်ကိုပဲ အရင်ချွတ်ပါ။ ဒါမှ ဘယ်နဲ့ညာ မမှားနိုင်မှာပေါ့။

- မျက်ကပ်မှန်ဆေးရည်ကို သုံးပြီးတဲ့အခါတိုင်း အဖုံးကို သေချာလုံအောင် ပိတ်ပါ။

- မျက်ကပ်မှန်ထည့်တဲ့ဘူးလေးကို နေ့တိုင်းသေချာစင်ကြယ်အောင် ဆေးပါ။

- မျက်ကပ်မှန်ဆေးရည်က ရက်လွန်နေရင် မသုံးပါနဲ့တော့။

- ရေမကူးခင်မှာ မျက်ကပ်မှန်ကို ချွတ်ထားပါ။

- မျက်ကပ်မှန်ကို မိတ်ကပ်မလိမ်းခင် တပ်ဆင်ပါ။ မိတ်ကပ်မဖျက်ခင် ချွတ်ပါ။

- မျက်စဉ်း အမြဲဆောင်ထားပါ။ အထူးသဖြင့် ကွန်ပြူတာအကြည့်များတဲ့ သူတွေမှာပေါ့။ မျက်လုံးအိမ်က ခြောက်သွေ့နေရင် သက်တောင့်သက်သာလည်း မရှိဘူး။ မျက်ကပ်မှန်လည်း ပြန်ချွတ်ရခက်တယ်။ မျက်လုံးကိုလည်း ဒဏ်ဖြစ်စေနိုင်တယ်လေ။

- မျက်ကပ်မှန်ကိုမတပ်ခင်မှာ မျက်ကပ်မှန်ကခြောက်သွေ့နေတယ်လို့ထင်ရင် မျက်ကပ်မှန် ဆေးရည်နဲ့ ဆေးလိုက်ပါ။

- မျက်ကပ်မှန်စမတပ်ခင်မှာ မျက်စိအထူးကုဆရာဝန်နဲ့ ပြသပါ။ မျက်လုံးမှာ ပြဿနာတစ်ခုခုရှိနေရင် မျက်ကပ်မှန်တပ်လို့မရဘူးလေ။

- တကယ်လို့ မျက်ကပ်မှန်တပ်ပြီးတော့မှ မျက်လုံးက နာလာမယ်၊ နီရဲလာမယ်၊ ကြည့်ရလည်း လုံးဝအဆင်မပြေဘူးဆိုရင် မျက်ကပ်မှန်ကို ချက်ချင်းပြန်ချွတ်ပါ။

- မျက်ကပ်မှန်ကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် မျက်ကပ်မှန်ထည့်တဲ့ဘူးထဲကို မျက်ကပ်မှန်ဆေးရည် ထည့်ပါ။
ပြီးတော့ မျက်ကပ်မှန်ကိုထည့်၊ အဖုံးကိုလုံအောင်ပိတ်ပြီး ဖြည်းဖြည်းလေးလှုပ်ပေးပါ။ မျက်ကပ်မှန် မတပ်ခင်နဲ့ တပ်ပြီးတိုင်း လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

Never

- မျက်ခမ်းစပ်၊ မျက်စိစွံတွေ ဖြစ်နေရင် ဓာတ်မတဲ့မှုကြောင့် မျက်လုံးနီရဲပြီး ရောင်နေရင်တော့ မျက်ကပ်မှန်ကို မတပ်ပါနဲ့။

- ဆပ်ပြာတွေ အလှကုန်တွေနဲ့ တခြားအရာတွေနဲ့ မျက်ကပ်မှန်ကို မထိစေနဲ့။

- မျက်ကပ်မှန်ဆေးရည်ဘူးရဲ့ ထိပ်အပေါက်ကို ဘာနဲ့မှ မထိပါစေနဲ့။ လက်၊ မျက်ကပ်မှန်တို့နဲ့တောင် မထိပါစေနဲ့။ မျက်ကပ်မှန်ကို ဘာနဲ့မှ မသုတ်ပါနဲ့။

- သုံးပြီးသား မျက်ကပ်မှန်ဆေးရည်ကိုလည်း လုံးဝပြန်မသုံးသင့်ပါဘူး။

- မျက်ကပ်မှန်ကို ဆေးကြောဖို့အတွက် မျက်ကပ်မှန်ဆေးရည်ကလွဲပြီး ဘာမှမသုံးပါနဲ့။

- ရေနွေးငွေ့တို့ တခြားမျက်စိကို ထိခိုက်နိုင်တဲ့အငွေ့တို့ ရှိနေရင်လည်း မျက်ကပ်မှန်မတပ်ပါနဲ့။

- မျက်ကပ်မှန်ကို ၈ နာရီထက်ပိုမတပ်မိပါစေနဲ့။

- မျက်ကပ်မှန်တပ်ပြီးတော့ ဆံပင်ဖျန်းဆေး မသုံးပါနဲ့။

- မျက်ကပ်မှန်ကို နှစ်နဲ့ချီပြီးတော့လည်း မတပ်သင့်ပါဘူး။

- မျက်နှာပြင် ကြမ်းမာနေတဲ့ အနားတွေထက်နေတဲ့ မျက်ကပ်မှန်ကိုလည်း နှမြှောပြီး မတပ်ပါနဲ့။


မျက်ကပ်မှန်တပ်ဆင်နည်း


- မျက်ကပ်မှန်မတပ်ခင် လက်ကို ဆပ်ပြာနဲ့သေချာစင်ကြယ်အောင်ဆေးပါ။

- ပြီးတော့ မှန်ရှေ့မှာ နေပါ။

- ညာဘက်လက်ခလယ်နဲ့ အောက်မျက်ခမ်းကိုဆွဲပါ။

- ဘယ်ဘက်လက်နဲ့ အပေါ်မျက်ခွံကို ဆွဲမပါ။

- တည့်တည့်ကြည့်ပြီး မျက်ကပ်မှန်ကို မျက်လုံးအလယ်တည့်တည့်မှာ တပ်ဆင်ပါ။

- မျက်ကပ်မှန်တပ်ပြီး မျက်တောင်မခတ်ခင်မှာပဲ ဘယ်ညာအရင်ကြည့်ပါ။ အဲလိုကြည့်လိုက်ရင် မျက်ကပ်မှန်က မျက်လုံးအလယ်တည့်တည့်မှာ သေချာနေရာတကျဖြစ်သွားတယ်လေ။

- ပြီးတော့ မျက်ကပ်မှန်က နေရာတကျရှိရဲ့လားဆိုတာ မှန်ထဲမှာသေချာကြည့်ပါ။

-မျက်ကပ်မှန်ဟာ မျက်ဆံပေါ်မှာ နေရာတကျရှိနေပြီး မျက်လုံးကလှုပ်ရှားလည်း ဒီတိုင်းပဲဆိုရင် OK သွားပြီပေါ့။





မျက်ကပ်မှန်ချွတ်နည်း


- မျက်ကပ်မှန်ချွတ်တော့မယ်ဆိုရင် မျက်ခွံတွေကို ပိတ်မသွားအောင် လက်တစ်ဖက်နဲ့ ဆွဲဖွင့်ထားပြီး လက်မရယ် လက်ညိုးရယ်နဲ့ အသာအယာလေးဆွဲယူလိုက်ရုံပါပဲ။

- ပြီးတော့ မျက်ကပ်မှန်ထည့်တဲ့ဘူးကို ဆေးရည်ဖြည့်၊ မျက်ကပ်မှန်ထည့်ပြီး လုံအောင်ပိတ်ထားလိုက်ပါ။



မျက်ကပ်မှန်တပ်နေကြလူတွေအတွက်တော့ မိကျောင်းမင်း ရေကင်းပြသလို ဖြစ်နေမှာပဲ။ :D ဒါပေမယ့် ခုမှ မျက်ကပ်မှန်စတပ်မယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်ပါ။ ပြီးတော့ မျက်ကပ်မှန် ခုမှ စတပ်မယ့်သူတွေအတွက်ရော၊ တပ်နေကြသူငယ်ချင်းတွေရော ဆောင်ရန် ရှောင်ရန်လေးတွေကို သိနိုင်အောင်ပါ။ သူငယ်ချင်းအားလုံး မျက်လုံးထိခိုက်မှုကင်းဝေးပြီး အမြဲလှနိုင်ကြပါစေရှင်။

www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်


ယောကျာ်းလေးများအတွက်




အလှအပဆိုတာ ရင်နှင်းတို့ မိန်းကလေးတွေအတွက်ပဲ အရေးကြီးတာမဟုတ်ဘူးနော်။ အလှအပကို ဦးစားပေးလာတဲ့ ဒီခေတ်ကြီးမှာ ယောကျာ်းလေးတွေလည်း အမြဲဆွဲဆောင်မူအပြည့်နဲ့ ခံညားတဲ့ပုံဖြစ်နေအောင် ဂရုစိုက်ရမှာပါ။ ဘယ်လိုတွေ ဂရုစိုက်ရမယ်ဆိုတာကို ရင်နှင်းသိသလောက်ပြောပြပေးမယ်နော်။

Face

- ယောကျာ်းလေးတွေမှာ နူတ်ခမ်းမွေး၊ မှုတ်ဆိတ်မွေးရေးရေးလေးတွေရှိတာကလည်း ဆွဲဆောင်မူတစ်မျိုးပဲလေ။ ဒါပေမယ့် အမွှေးတွေက ပေါက်တာမညီမညာနဲ့ ကျိုးတိုးကျဲတဲဖြစ်နေမယ်ဆိုရင်၊ အရောင်မတူရင်တော့ ပြောင်ရှင်းနေအောင်ရိတ်ထားတာပဲ အကောင်းဆုံးနော်။

- တကယ်လို့ မျက်နှာမှာ အပြစ်အနာအဆာတွေရှိနေရင် Concealer လေးသုံးပေးနိုင်တယ်နော်။ ယောကျာ်းလေးမို့လို့ သုံးရမှာမတွန့်ပါနဲ့။

- ယောကျာ်းလေးတွေလည်း မိန်းကလေးတွေလိုပဲ အသက်ကြီးလာရင် အရေးအကြောင်းတွေ ဖြစ်လာတတ်တာပဲလေ။ အဲဒီတော့ အသားအရေကိုကောင်းကောင်းဂရုစိုက်ပေးရမှာပါပဲ။ အစိုဓာတ်ထိန်းခရမ် Moisturizer တွေကို နေ့တိုင်းလိမ်းပေးသင့်တယ်နော်။

- အိပ်ရေးပျက်ရင် မျက်ကွင်းညိုမျက်တွင်းကျပြီး ကြည့်ရတာလည်း လန်းလန်းဆန်းဆန်းမရှိနိုင်ဘူး။ အသားအရည်ကိုလည်း ထိခိုက်နိုင်တယ်ဆိုတာ ရင်နှင်းခဏခဏပြောနေလို့ သူငယ်ချင်းတို့လည်း သိပြီးလောက်ပြီ။ လန်းဆန်းတက်ကြွနေတဲ့ ပုံစံကလည်း ယောကျာ်းလေးတွေရဲ့ဆွဲဆောင်မူတစ်မျိုးပဲဆိုတော့
တစ်ရက်ကို ၈ နာရီလောက် အိပ်နိုင်ရင် အကောင်းဆုံးပဲပေါ့။

- ယောကျာ်းလေးတွေက ထီးဆောင်းရမှာ ပျင်းတတ်တယ်နော်။ နေရောင်ခြည်က အသားအရေကိုပျက်စီးစေပြီး ရုပ်ရင့်စေတယ်၊ အရေးအကြောင်းတွေလည်း မြန်မြန်ပေါ်စေတယ်ဆိုတော့ ဇရာကို အံတုချင်တဲ့ သူငယ်ချင်းတို့ အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကိုမမေ့နဲ့နော်။

- နူတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေရိတ်တဲ့အခါလည်း Shaving Cream ကောင်းကောင်း၊ ရိတ်စက်ကောင်းကောင်းကိုသုံးပေးရင် အသားအရေကိုထိခိုက်မူမရှိနိုင်တော့ဘူးပေါ့။

- ယောကျာ်းလေးတွေက မျက်နှာသစ်ရင် ဆပ်ပြာကိုပဲ သုံးတတ်ကြတာက မကောင်းဘူးနော်။ မျက်နှာသစ်ဆေးကောင်းကောင်းကိုသုံးတဲ့အခါ အသားအရေလည်း ပိုကြည့်ကောင်းလာပြီး ၀က်ခြံတွေလည်း နဲသွားပါလိမ့်မယ်။

- ယောကျာ်းလေးတွေမှာ ၀က်ခြံမဟုတ်ရင်တောင် ဆားဝက်ခြံလောက်တော့ ထွက်တတ်တယ်နော်။ ဒီအတိုင်းဆိုရင် မသိမသာပေမယ့် အနီးကပ်ဆိုရင် သိတာတာပဲလေ။ သန့်ရှင်းကြည်လင်တဲ့ အသားအရေဖြစ်ဖို့ဆိုရင် ဆားဝက်ခြံတွေကင်းရှင်းနေဖို့လိုတာပေါ့။ ဒါကြောင့် ဆားဝက်ခြံရှိနေရင် Ohh !! ဆားဝက်ခြံတွေပါလား ဆိုတဲ့ပို့စ်လေးက ကူညီပေးပါလိမ့်မယ်။

- နားတွေ နှာခေါင်းပေါက်တွေထဲက အမွှေးတွေထွက်နေရင်လည်း ကြည့်ရဆိုးတာမို့ ဂရုစိုက်ဖယ်ရှားပေးပါ။

- အသက် ၂၀ ကျော်လာပြီဆိုတာနဲ့ Eye Cream သုံးတာအကောင်းဆုံးပဲနော်။ ဒါမှ အရေးအကြောင်းတွေ
စောစောဖြစ်လာတာကို ကာကွယ်နိုင်မှာလေ။ Eye Cream လိမ်းရင် အားအပျော့ဆုံးဖြစ်တဲ့ လက်သူကြွယ်နဲ့ လိမ်းပါ။ အားနဲ့ကြမ်းကြမ်းကြီးဖိလိမ်းရင် အရေးအကြောင်းတွေ ပိုပေါ်နိုင်တယ်လေ။

- အသားအရေကို တင်းရင်းသန့်စင်စေတဲ့ Toner ကို သုံးပေးဖို့လည်း မမေ့နဲ့နော်။

- နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး မရိတ်ခင်မှာ ရေနွေးနဲ့ မျက်နှာသစ်ပါတဲ့။ အမွှေးထွက်တဲ့ ပုံစံအတိုင်းရိတ်ပေးပါ။ အရေပြားကိုတင်းနေအောင်ဆွဲပြီး မရိတ်ရဘူးနော်။ ချွတ်ထက်နေတဲ့ အမွှေးလေးတွေက မွှေးညှင်းပေါက်ထဲကို ပြန်ဝင်သွားပြီး အပြင်ကို ရှည်ထွက်မလာပဲ အထဲမှာပဲ ခွေပြီး ၀က်ခြံလိုအဖုတွေ ဖြစ်လာတတ်လို့ပါ။ ရိတ်ပြီးရင်တော့ ရေအေးနဲ့ပဲဆေးပါ။

- ရိတ်တဲ့အခါ ကပ်စီးနည်းပြီး ဓားတုံးတုံးကြီးကိုပဲ ထပ်တလဲလဲမသုံးနဲ့နော်။ အရေပြားကို ဒဏ်ဖြစ်စေတယ်လေ။ အလျှင်စလိုနဲ့ မြန်မြန်ရိတ်မိရင်လည်း ဓားရှနိုင်တာမို့ စိတ်မလောဘဲ ဖြည်းဖြည်းချင်းရိတ်ပါ။

- နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ရိတ်ပြီးတဲ့အခါ အကုန်လုံးပြောင်ရဲ့လားဆိုတာ မှန်ထဲမှာ သေချာကြည့်ပါအုံး။ မရိတ်မိဘဲ ကျန်ခဲ့တဲ့အမွှေးတွေရှိရင် နှာခေါင်းရူံ့စရာဖြစ်လာနိုင်တယ်လေ။

- ယောကျာ်းလေးတော်တော်များများဟာ အဆီပြန်ပြီး ၀က်ခြံထွက်တတ်ကြတယ်။ အဲဒီအတွက် အသားအရေကိုရော အစားအသောက်တွေကိုရော သေချာဂရုစိုက်ဖို့လိုတယ်လေ။ ၀က်ခြံနဲ့ ပတ်သတ်ပြီး ရင်နှင်းရေးထားတဲ့ပို့စ်လေးတွေကို ဖတ်ကြည့်အုံးနော်။

ဒါကတော့ သူငယ်ချင်းတို့အတွက် မျက်နှာပိုင်းဆိုင်ရာ အသားအရေထိန်းသိမ်းမှုအတွက်ပါ။ ရင်နှင်းသူငယ်ချင်းလေးတွေ အမြဲလှပကျန်းမာပျော်ရွှင်ကြပါစေရှင်.. ♥♥

ဒီတစ်ခါတော့ သူငယ်ချင်းတို့အတွက် ပါးစပ်ပိုင်းဆိုင်ရာနဲ့ ဆံပင်အတွက် ဂရုစိုက်ရမှာလေးတွေကို ပြောပြပေးမယ်နော်။

Mouth

- လူတွေစတွေ့တွေ့ချင်း တစ်ယောက်ကိုတစ်ယောက် သတိထားမိတတ်တာမှာ အပြုံးလည်းပါတယ်လေ။ ကိုယ်ပြုံးလိုက်တဲ့အခါမှာ သွားတွေက၀ါညစ်နေရင်၊ ကွမ်းသွေးတွေနဲ့ရဲနေရင် နှာခေါင်းရှုံ့ချင်ကြတယ်နော်။ အဲ့ဒီတော့ တစ်နေ့ကို၂ ကြိမ် သွားတိုက်ပေးပါ။ သွားတွေ ၀ါညစ်ညစ်ဖြစ်နေရင် “ကမ္ဘာတစ်လွှားမှကိုယ်ပိုင်အလှတရားများ” ဆိုတဲ့ပို့စ်က အီဂျစ်တွေရဲ့နည်းလေးကို အသုံးချကြည့်ပါ။

- သူငယ်ချင်းက ကွမ်းစားတတ်တဲ့သူဆိုရင် မစားတော့ပါနဲ့တော့။ ကွမ်းက ကောင်းမှမကောင်းတာကိုး။ ပါးစပ်မှာ ကွမ်းဂျိုးတွေနဲ့ဆိုရင်ကြည့်ရတာလည်း အရမ်းရုပ်ဆိုးတယ်လေ။ ကွမ်းဖြတ်မယ်ဆိုရင် ကွမ်းဂျိုးတွေနဲ့ နီရဲနေတဲ့သွားတွေကိုဆေးခန်းတွေမှာ ပြန်ဖြူအောင် လုပ်လို့ရတယ်နော်။ ၁၅၀၀၀ လောက်ပဲရှိပါတယ်။ ဒါပေမယ့် လုံးဝဖြတ်တော့မယ်ဆိုမှ လုပ်နော်။ မဟုတ်ရင် နောက်တစ်ခေါက် ပြန်လုပ်ဖို့က မလွယ်တော့ဘူးလေ။

- ဆောင်းရာသီမှာ ယောကျာ်းလေးတွေလည်း နှုတ်ခမ်းကွဲတတ်တာပဲနော်။ အဲတော့ နှုတ်ခမ်းကွဲနေရင် Vit E ပါတဲ့ အရောင်မပါတဲ့ နှုတ်ခမ်းနီကို ဆိုးပေးလို့ရပါတယ်။ နေ့ဘက်မဆိုးချင်ဘူးဆိုရင်လည်း ညဘက်ဆိုးထားလိုက်ပေါ့။

- သွားလေးကလှပေမယ့် ခံတွင်းနံ့ဆိုးနေရင်လည်း လူတွေက ကဲ့ရဲ့မှာပဲလေ။ ’ချွေးနံ့ ခံတွင်းနံ့ ဆိုးတွေအတွက်ဖြေဆေး’ ဆိုတဲ့ပို့စ်မှာ ဖတ်ကြည့်ပါနော်။

Hair

- ယောကျာ်းလေးတွေဆိုပြီး ဆံပင်ကိုဂရုစိုက်စရာမလိုဘူးလို့ မထင်နဲ့နော်။ ဆံပင်လေးတွေ နူးညံ့တောက်ပပြီး ဆံပင်ပုံစံခပ်မိုက်မိုက်နဲ့ဆို ပိုကြည့်ကောင်းတယ်လေ။

- ဆံပင်တွေတောက်ပနူးညံ့ပြီးဆွဲဆောင်မှုရှိစေဖို့ မြင်သူငေးလောက်စရာ ပိုးသားဆံနွယ်လေးများကို ဖတ်ကြည့်ပါ။

- ဆံပင်ပုံစံပြောင်းဖို့ မကြောက်ပါနဲ့။ ယောကျာ်းလေးတွေဟာ ဒီဆံပင်ပုံစံတစ်မျိုးထဲကိုပဲ ညှပ်တတ်ကြတယ်နော်။ ဆံပင်ပုံစံတစ်မျိုးထဲကြီးပဲ မရိုးဘူးလား.. ပုံစံပြောင်းကြည့်ပါ။ ပြောင်းလိုက်တဲ့ပုံစံနဲ့ မလိုက်ရင်လည်း တစ်လလောက်နေရင် နောက်ပုံစံတစ်မျိုးထပ်ပြောင်းလို့ ရတာပဲလေ။ စမ်းကြည့်နော်။

- ကိုယ်နဲ့လိုက်ဖက်ကြည့်ကောင်းတဲ့ ဆံပင်ပုံစံရဖို့ ဆိုင်ကောင်းကောင်းမှာ ညှပ်ပြီး ပုံသွင်းပါ။ ဆံပင်ပုံစံကြောင့်လည်း လူပုံစံပြောင်းလဲသွားနိုင်တယ်လေ။

- ယောကျာ်းလေးတွေ အသက်ကြီးလာရင် နဖူးက လေယာဉ်ကွင်းတို့၊ နောက်ပြောင်ခြင်း သည်းခံပါတို့ :D
အဲလိုအစမခံရအောင် ငယ်ငယ်တုန်းထဲက ဆံပင်မကျွတ်ဆံပင်သန်စေမယ့် ဗျူဟာများ ထဲက အတိုင်းလုပ်နော်။ ထိပ်ပြောင်ခြင်းအကြောင်းသိကောင်းစရာများ ကိုလည်း လေ့လာကြည့်ပါအုံး။

- ယောကျာ်းလေးတွေက လက်ကို ဘီးလိုသုံးတတ်ကြတယ်။ လက်နဲ့ ဖီးတာက ဘယ်လိုလုပ် သပ်ရပ်ပါ့မလဲ။
ဆံပင်တိုတိုရှည်ရှည် ဘီးဖြီးပေးနော်။ အနည်းဆုံးတော့ ခေါင်းလျှော်ပြီးရင် ဘီးဖီးပါ။

- ဆံပင်ဖြူလာပြီ မီးခိုးရောင်ပေါက်လာပြီဆိုတာနဲ့ အနက်ရောင်ဆိုးလိုက်ပါ။ ဒါမှ အမြဲနုပျိုတဲ့ ပုံစံဖြစ်နေမှာပေါ့။

- တစ်ခါတစ်လေ အပြောင်းအလဲလေး ဖြစ်ချင်တယ်ဆိုရင် ဆံပင်ပုံစံပြောင်းရင်ပြောင်း မပြောင်းရင်လည်း ဆံပင်
ကိုအရောင်ဆိုးလိုက်ပေါ့။ ကိုယ်ဆိုးချင်တဲ့ အရောင်ထက် ကိုယ်နဲ့လိုက်မယ့်အရောင်ကို ဆိုးတာ ပိုစိတ်ချမ်းသာရမှာပါ။

- ယောကျာ်းလေးတွေက စိတ်မရှည်တတ်ဘူးလေ။ ခေါင်းလျှော်ရည်ဝယ်တော့မယ်ဆိုရင် ကြုံရာဆွဲဝယ်လိုက်တာများတယ်။ ဆံပင်ကျွတ်တာ ပျက်စီးတာ ဗောက်ထတာ သက်သာအောင် အပေါစားခေါင်းလျှော်ရည်၊ ဂျယ်လ်တွေကို မသုံးပါနဲ့။ ကိုယ့်ဆံပင်က ဗောက်ထတာလား၊ ဆံပင်ကျွတ်တာလားဆိုတာ စဉ်းစားပြီး လိုက်ဖက်တာပဲ ရွေးဝယ်ပါ။ မဟုတ်ရင် ဆံပင်ပြသနာပိုဆိုးလာမှ ငိုနဲ့နော်။ :D

- ဆံပင်တိုတဲ့ ယောကျာင်္းလေးတွေက ရေချိုးတိုင်းခေါင်းလျှော်တတ်တယ်။ တကယ်က ၂ ရက် ၃ ရက်နေမှ
ခေါင်းလျှော်တာ အကောင်းဆုံးပါ။ မဟုတ်ရင် ဆံပင်နဲ့ ဦးရေပြားမှာ ရှိသင့်တဲ့ သဘာဝအဆီကိုပါ ဖယ်ရှားလိုက်သလိုဖြစ်ပြီး ဆံပင်တွေခြောက်သွေ့ပျက်စီးနိုင်တယ်လေ။

- ခေါင်းလျှော်ရင် ခေါင်းလျှော်ရည်စင်အောင် လျှော်ပါ။ ၀ုန်းဒိုင်းဒုန်းစိုင်းပြီးလျှော်လို့ ခေါင်းလျှော်ရည်တွေမစင်ရင် ခေါင်းက ယားတာတို့ ၀က်ခြံတို့ ဖြစ်တတ်လို့ပါ။

- ယောကျာ်းလေးတွေရဲ့ ဆံပင်ကလည်း ဆံပင်ပဲမို့ ခေါင်းလျှော်ပြီးရင် ပျော့ဆေးသုံးပေးတာ အကောင်းဆုံးပါနော်။

- ဆံပင်ကို ဘာမှမလိမ်းထားတာနဲ့စာရင် ခေါင်းလိမ်းဆီ၊ ဂျလ်၊ စပရေး တစ်ခုခုလိမ်းပြီး သေချာပုံသွင်းထားတာက ကြည့်ရတာ ပိုစမတ်ကျနေစေပါတယ်။

- ဆံပင်ပုံသွင်းပစ္စည်းတွေကို အရေပြားပေါ် မထိစေပါနဲ့။ ၀က်ခြံတွေ ထွက်လာစေနိုင်တယ်လေ။

- အော်.. ယောကျာ်းလေးတွေက ခေါင်းမှာ ဗောက်တွေအရမ်းထတတ်တယ်လေ။ Ohh !! ဗောက်တွေ ဘယ်လိုလုပ်ရပါ့ … ဆိုတဲ့ပို့စ်ကိုလည်း ဖတ်ကြည့်အုံးနော်။


www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

Wednesday, January 11, 2012

Microsoft Corp ဥက္ကဌ ဘီလ်ဂိတ်နှင့်အတူ အမေရိကန် ကော်ပိုရေးရှင်း ခေါင်းဆောင်များ မြန်မာပြည်လာမည်


source: Reuters

မြန်မာနှင့် အမေရိကန်တို့၏ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာခြင်း ပြယုဂ်တစ်ခုအဖြစ် Microsoft Corp ဥက္ကဌ ဘီလ်ဂိတ်အပါအဝင် အမေရိကန် စီးပွားရေးခေါင်းဆောင်များ ကိုယ်စားလှယ်အဖွဲ့သည် မကြာမီ မြန်မာပြည်သို့ လာရောက်ကြမည်ဖြစ်ကြောင်း မြန်မာ့စက်မှုလုပ်ငန်း အရာရှိတို့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်ဟု သိရသည်။ ကိုယ်စားလှယ်အဖွဲ့မှာ ဖေဖေါ်ဝါရီလအတွင်း လာရောက်ကြမည် ဖြစ်ပြီး အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ ယခုကဲ့သို့ ရောက်ရှိလာကြခြင်းမှာထူးခြားနေကြောင်း၊ မြန်မာ့အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးများ ဖေါ်ဆောင်နေချိန်နှင့် တိုက်ဆိုင်နေကြောင်း သိရသည်။

မြန်မာအရာရှိတို့အဆိုအရ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန်ရှိပြီး ပြည်တွင်းမှ အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသော လုပ်ငန်းရှင်များအပါအဝင် မြန်မာ့ စီးပွားရေးခေါင်းဆောင်များနှင့်လည်း တွေ့ဆုံးဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

Tuesday, December 27, 2011

ခိုးထားတဲ့ ဒေါ်လာ ၁ သန်းနဲ့ ကွန်ပြူတာ Hackers အုပ်စု အလှူပေး




Anonymous အမည်မသိသူများလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အုပ်စုတစ်ခုက ပရဟိတအဖွဲ့အစည်းတွေကို ဒေါ်လာ တစ်သန်း လှူဒါန်းဖို့အတွက် အွန်လိုင်းလုံခြုံရေး ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုဆီကနေ အီးမေးလိပ်စာတွေနဲ့ အကြွေးဝယ်ကဒ်တွေရဲ့ သတင်းအချက်အလက် ထောင်ပေါင်းများစွာကို ခိုးယူခဲ့တယ်လို့ ပြောလိုက်ပါတယ်။

Stratfor ဆိုတဲ့ အွန်လိုင်းလုံခြုံရေးကုမ္ပဏီဟာ သူတို့ဆီမှာ အလုပ်အပ်ထားသူတွေရဲ့ သတင်းအချက်အလက် တွေကို တခြားလူ မသိနိုင်အောင် encrypt လို့ခေါ်တဲ့ ပုံဖျက်ဖုံးအုပ်တဲ့ နည်းပညာကိုသုံးပြီး လုံခြုံအောင် မလုပ်နိုင်ခဲ့တာကြောင့် ခိုးယူဖို့ လွယ်ကူသွားစေခဲ့တယ်လို့ မခံချိမခံသာဖြစ်အောင်ပြောပြီး ဒီကနေ့မှာ အွန်လိုင်းကနေ ထုတ်ပြန် ကြေညာထားပါတယ်။

Stratfor ကုမ္ပဏီမှာ အလုပ်အပ်ထားတဲ့သူတွေထဲမှာ ပင်တဂွန်စစ်ဌာနချုပ်၊ အမေရိကန်လေတပ်နဲ့ ကြည်းတပ်တို့ ပါဝင်ပါတယ်။ သူတို့အဖွဲ့ဟာ ခိုးယူထားတဲ့ သတင်းအချက်အလက်တွေကို သုံးပြီး ကြက်ခြေနီ၊ CARE နဲ့ Save the Children အဖွဲ့တွေကို အလှူငွေတွေ ပို့ခဲ့တယ်လို့ Anonymous အဖွဲ့က ဆိုပါတယ်။

ထင်ရှားကျော်ကြား သူတွေဆီကနေ ခိုးယူထားတဲ့ သတင်း အချက်အလက်တွေကို သုံးပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ပစ်မယ်လို့လည်း အဲဒီအဖွဲ့က အခိုင်အမာ ပြောထားပါတယ်။

အရင်တုန်းကဖြစ်ခဲ့ဖူးတဲ့ ကွန်ပြူတာစနစ်တွေထဲကို ခိုးဝင် ထွင်းဖောက်ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း သူတို့လုပ်တာလို့ Anonymous အဖွဲ့က ပြောပါတယ်

Monday, December 26, 2011

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ကင်ဂျုံအီ - ဘယ်သူက ပိုတော်သလဲ



ကင်ဂျုံအီ သေဆုံးသွားတာ မျက်မှောက်ခေတ်မှာ ကမ္ဘာ့ အရက်စက်ဆုံး၊ လူထူး လူကြောင်၊ အထီးကျန်ဆန်ဆန်နေထိုင်တဲ့ အာဏာရှင်တယောက် ဇာတ်သိမ်းသွားတာပါပဲ။

မြောက်ကိုရီးယားလည်း မရေမရာ၊ မတည်မငြိမ် အခြေအနေ၊ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ အရင်ထက်ပိုလာနိုင်မလား စိုးရိမ်စရာ အခြေအနေတွေဖြစ်ပေါ်နေပါတယ်။ အာဏာရှင်တွေ ဒယိမ်းဒယိုင် ဖြစ်နေကြတဲ့ နှစ်တနှစ်ရဲ့ အဆုံးသတ်နိမိတ်ပုံလည်းဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်ကစလို့ အာဏာရှင်တွေ များများစားစား မြင်ကွင်းကနေ တယောက်ပြီး တယောက် ပျောက်ကွယ်သွားတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာတော့ တူနီးရှားက ဘန်အာလီ၊ အီဂျစ်က မူဘာရတ်၊ လစ်ဗျားက ကဒါဖီတို့ရဲ့ ကျဆုံးခန်းတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဆီရီးယားနဲ့ ဘာရိန်းမှာလည်း ရက်စက်တဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်နေတဲ့ လူထုအုံကြွမှုတွေ မြင်ခဲ့ရပါတယ်။

မြန်မာပြည်မှာဆိုရင်လည်း တိုင်းပြည်ကို နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ လူကြီး အနားယူသွားပြီး၊ သူ့ကိုဆက်ခံတဲ့ နောက်တယောက်က ပြုပြင်ပြောင်းလဲရေးတွေကို စတင်လုပ်ဆောင်လာပါတယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူသွားပြီး၊ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး ကနဦး ခြေလှမ်းတွေအပေါ်မှာ အကောင်းမြင်သူတွေရှိသလိုပဲ သတိနဲ့ စောင့်ကြည်သူတွေလည်း ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာမည်တောင် မကြားချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး၊ လွှတ်တော်ထဲ ၀င်ဖို့ကလည်း လပိုင်းအတွင်းမှာ တကယ်ဖြစ်လာတော့မှာပါ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီကို သတ်သွားတာ သတင်းတွေအရဆိုရင် နှလုံးရောဂါဖြစ်ပါတယ်၊ လူထုဆန္ဒပြပွဲတွေမဟုတ်ပါဘူး။ ဒါကြောင့် မြောက်ကိုရီးယားမှာ ချက်ချင်လက်ငင်း ထူးထူးခြားခြားအပြောင်းအလဲဖြစ်လာနိုင်ခြေမရှိပါဘူး။ ဒါပေမယ့် ကင်ဂျုံအီရဲ့ အနိစ္စသဘောကနေ တရားပြနေတာတွေတော့ ရှိပါတယ်။ ဥပမာအနေနဲ့ အာဏာရှင်တွေဟာ အားပျော့နေပြီး၊ ဒယိမ်းဒယိုင်ဖြစ်နေပြီး၊ ထာဝရမြဲတဲ့ အရာမဟုတ်ဘူးဆိုတဲ့ အနိစ္စတရားတွေပါပဲ၊ ဒါကို သံဝေဂယူပြီး အာဏာရှင်တွေအနေနဲ့ အချိန်ရှိတုန်း၊ ကိုယ့်မှာ ရွေးချယ်စရာရှိသေးတဲ့ အခြေအနေမှာ အာဏာကို စွန့်မလား၊ သို့မဟုတ် နိုင်မနိုင်သိမ်းမရဖြစ်ပြီး အာဏာာလက်လွှတ်သွားတာမျိုး အဖြစ်ခံမလား၊ ပထမနည်းလမ်းက ပိုကောင်းပါတယ်လေ။

မြောက်ကိုရီးယားနှင့် မြန်မာပြည်ဟာ အာရှမှာတော့ အပယ်ခံတိုင်းပြည်ချင်း အတူတူပါပဲ။ ကမ္ဘာ့အရက်စက်ဆုံး အစိုးရတွေ အုပ်ချုပ်တာချင်းလည်း တူပါတယ်၊ အစိုးရနှစ်ရပ်စလုံးဟာ ကိုယ့်ပြည်သူတွေအပေါ် လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်တယ်လို့ စွပ်စွဲခံရပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကုလသမဂ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ တိုက်တွန်းထားကြပါတယ်။ မူးယစ်ဆေးဝါးကုန်သွယ်မှု၊ လူတွေကို ကျွန်သဖွယ် ကုန်ကူးမှုတွေမှာလည်း အစိုးရနှစ်ရပ်စလုံးဟာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက် နေကြပါတယ်၊ နိုင်ငံရပ်ခြားမှာ သူတို့ အပ်နှံ့ထားတဲ့ ဘဏ်စာရင်းတွေလည်း ချိတ်ပိတ် ခံထားရတာချင်းလည်း တူပါတယ်။

စစ်တပ်ကျောထောက်နောက်ခံထားတဲ့ အစိုးရချင်းလည်း တူပါတယ်။ မြောက်ကိုရီယား စစ်တပ်က ကမ္ဘာပေါ်မှာ စတုထ္ထအကြီးဆုံးဖြစ်သလို၊ မြန်မာစစ်တပ်ကလည်း အရှေ့တောင် အာရှမှာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ မြောက်ကိုရီးယားက နျူးကလီးယား ပိုင်ဆိုင်ထားသလို၊ မြန်မာအစိုးရကလည်း မြောက်ကိုရီးယားအကူအညီနဲ့ နျူးကလီးယား ပိုင်ဆိုင်ဖို့ ကြိုးစားနေပါတယ်။

အစိုးရနှစ်ရပ်စလုံးဟာ တိုင်းပြည်စီးပွားရေးကို ဗုန်းဗုန်းလဲအောင် စီမံခဲ့ပြီး၊ ပြည်သူတွေ ငတ်ပြတ်နေတာကို လက်ပိုက်ကြည့်ခဲ့ကြပါတယ်၊ နိုင်ငံတကာ အကူအညီတွေကို ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ပြီး အုပ်ချုပ်သူတွေကျတော့ မသန့်ရှင်းတဲ့ စည်းစိမ် ချမ်းသာတွေကို စံစားနေကြပါတယ်။ ဒီလို အချက်တွေမှာ မြန်မာနှင့် မြောက်ကိုရီယား တူညီကြပါတယ်။

ဒါပေမယ့် မတူတဲ့ အချက်တွေလည်း ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူအာဏာယူထားတဲ့ အချိန်မှာ သူ့ကိုယ်သူ အမွှမ်းတင်ဖို့ ၀ါဒဖြန့် ကြိုးစားခဲ့တာတွေရှိခဲ့ပါတယ်၊ ဥပမာအနေနဲ့ သူ့ဓာတ်ပုံကို အစိုးရရုံးတွေမှာ ချိတ်ခိုင်းတာ၊ မင်းနေပြည်တော်လို့ အဓိပ္ပါယ်ရတဲ့ နေပြည်တော် မြို့တော်သစ်ကို တည်ဆောက်ခဲ့တာတွေမျိုးပါ။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကင်ဂျုံအီရဲ့ ခြေဖျားကိုတောင် မမှီခဲ့ပါဘူး။

ဗိုလ်ချုပ်မှူးကြီးရဲ့ သားသမီးတွေ အစိုးရအဖွဲ့ထဲမှာ နေရာရခဲ့ပါတယ်။ သူ့အချစ်တော် မြေးကလေး လမ်းသရဲဂိုဏ်းဆန်းဆန်းနေတာကို ဗိုလ်ချုပ်မှူးကြီးရာထူးက အကာအကွယ် ပေးနိုင်ခဲ့ပါတယ်၊ ဒါတွေဟာ သူ့မိသားစုအပေါ် ဗိုလ်ချုပ်မှူးကြီး ကာကွယ်နိုင်ခဲ့တာတွေသာ ဖြစ်ပါတယ်။

မြန်မာနှင့် မြောက်ကိုရီးယားကြားမှာ အသိသာဆုံးခြားနားချက်ကတော့ နိုင်ငံရေးစနစ်ဖြစ်ပါတယ်။ ကင်ဂျုံအီရဲ့ မြောက်ကိုရီးယားဟာ ကွန်မြူနစ်နိုင်ငံပါလို့ ကြွေးကြော်ပြီး လက်တွေ့မှာ ဘုရင်စနစ်လို အုပ်ချုပ်နေတဲ့ နိုင်ငံပါ၊ လက်တွေ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ၊ ဥပမာ ညှဉ်းပမ်းနှိပ်စက်မှု၊ မုဒိမ်းကျင့်မှု၊ အဓမ္မလုပ်အားပေး၊ သတ်ဖြတ်မှုတွေကတော့ ထူးမခြားပါ။ အစိုးရနှစ်ရပ်စလုံးဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်တာချင်းအတူတူလို့ စွပ်စွဲခံရပါတယ်။

ဒါပေမယ့် ကင်ဂျုံအီ အစိုးရက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရထက်သာတာက လူတွေရဲ့ အတွေးအခေါ်ကို ထိန်းချုပ်နိုင်တာဖြစ်ပါတယ်၊ ဒီနေရာမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မအောင်မြင်ပေမယ့်၊ ကင်ဂျုံအီက အောင်မြင်ခဲ့ပါတယ်။

မြောက်ကိုရီယားမှာ အတိုက်အခံတွေ ဖွဲ့စည်းခွင့်လည်းမရှိ၊ တရားမ၀င်နည်းလမ်းနဲ့ မရှိပါဘူး၊ လူထုအခြေပြုအဖွဲ့အစည်းတွေမရှိ၊ အတိုက်အခံလည်းမရှိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် လည်းမရှိ၊ အန်အယ်ဒီလည်းမရှိ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့လည်း မရှိပါဘူး၊ မြောက်ကိုရီယားကို သွားမယ်ဆိုရင် သူစိမ်းတွေနဲ့ ရဲရဲတင်းတင်းစကားပြောရဲတဲ့ လူတယောက်ကို ရှာဖွေနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ပုန်လျှိုးဝယ်လျှိုးပြောမယ့် လူလည်းမရှိပါဘူး၊ လူတိုင်းလူတိုင်းဟာ တယောက်ကိုတယောက် အချိန်ပြည့် စောင့်ကြည့်နေကြပါတယ်။

မြောက်ကိုရီးယားကို သွားရင် အစိုးရက တွေ့စေချင်တဲ့ လူတွေနဲ့ တွေ့ရ၊ စကားပြောရမှာ ဖြစ်ပါတယ်။ လမ်းပေါ်က လူတွေကို သူတို့ စိတ်ရင်းတွေကို သိရဖို့ စကားပြောဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် အစိုးရက လိုက်ပို့တဲ့ ကျောင်းတွေ၊ ဆေးရုံတွေဆီကို သွားရင်တော့ ဆရာဝန်ကြီးတွေ၊ ပါမောက္ခတွေက မဟာခေါင်းဆောင်ကြီး ကင်အီဆွန်း၊ နဲ့ ချစ်လှစွာသော သူတို့ခေါင်းဆာင်ကြီး ကင်ဂျုံအီ ကောင်းကြောင်းတွေ ရွှန်းရွှန်းဝေအောင် ပြောတာကို ကြားရမှာဖြစ်ပါတယ်၊ သူတို့ ဓာတ်ပုံတွေက အခန်းတိုင်း၊ နံရံတွေပေါ်ကနေ ခင်ဗျားကို စိမ်းစိမ်းကြိး စိုက်ကြည့်နေပါလိမ့်မယ်၊ သူတို့ နာမည်တွေကိုလည်း စာကြောင်း၊ သုံးကြောင်း၊ လေးကြောင်းတိုင်းမှာ မကြားချင်အဆုံး ကြားရပါလိမ့်မယ်။

ဖျော်ဖြေပွဲတခုကို သူတို့ပြလို့ လိုက်ကြည့်မယ်ဆိုရင်လည်း လယ်ကွင်းတွေ၊ စက်ရုံတွေဆီကို ကင်အီဆွန်နဲ့ ကင်ဂျုံအီတို့ သွားရောက် စစ်ဆေးနေတဲ့ ပုံတွေကို သံစုံတီးဝိုင်းကြီးရဲ့ အနောက်ဘက် ပိတ်ကားပေါ်မှာ အဆက်မပြတ်ပြနေပါလိမ့်မယ်၊ တင့်ကားကြီးတွေ ဖြတ်သွားတဲ့ မြင်ကွင်း၊ ဒုံးကျည်တွေ ပစ်လွှတ်လိုက်တဲ့ ပြကွက်တွေ ဆက်တိုက် ပြနေပါလိမ့်မယ်။ ဒုံးကျည်တချက်ပစ်လိုက်တဲ့ တိုင်းမှာ ပရိတ်သတ်တွေအားလုံးက တခဲနက် လက်ခုပ်တီးအားပေးနေလိုက်ကြတာ ဂျော့အော်ဝဲလ်ရဲ့ ၁၉၈၄ ၀ထ္ထုထဲ ရောက်နေ သလားတောင် အောက်မေ့ရပါတယ်၊

မြန်မာပြည်မှာတော့ ဒါမျိုးမရှိပါဘူး၊ သာမန်လူမပြောနဲ့ အစိုးရထဲက လူတွေတောင် ဘယ်သူမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကောင်းကြောင်း မပြောကြပါဘူး၊ လူတချို့ကတော့ အရင်းအနှီးကြီးကြီးပေးပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကောင်းတဲ့အကြောင်းကိုတော့ လူရှေ့သူရှေ့မှာ ပြောကြပါတယ်။ တော်တော်များများကတော့ တိုးတိုတိတ်တိတ်၊ အမြင်ကွယ်ရာမှာ ပြောပြပါတယ်။
မြောက်ကိုရီးယားမှာတော့ ကင်ဂျုံအီ မကောင်းကြောင်း တစွန်းတစဖြစ်ဖြစ် တိုးတိုးစကား၊ ပေါက်ကြားသွားလို့ကတော့ ထောင်ချခံရဖို့ သေချာပါတယ်။ ကံဆိုးရင် သေဒဏ်ပေးခံရနိုင်ပါတယ်။

မြောက်ကိုရီးယားမှာ နိုင်ငံရေးအကျဉ်းသား ၂ သိန်းရှိပါတယ်။ မြန်မာပြည်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ထက် အဆတရာ လောက်ပိုများ ပါတယ်။ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ မတူတာက မြောက်ကိုရီးယားက နိုင်ငံရေးအကျဉ်းသားတွေဟာ အစိုးရကို သိသိသာသာ အတိုက်အခံလုပ်လို့ ထောင်ချခံရတာ မျိုးမဟုတ်ပါဘူး။

ကင်ဂျုံအီရဲ့ ဓာတ်ပုံကို အကြည့်မတော်လို့၊ ဒါမှမဟုတ် တချိန်တုန်းက တောင်ကိုရီးယာနဲ့ အဆက်အသွယ်ရှိခဲ့ဖူးလို့ အစိုးရက ရန်လိုတယ်လို့ သတ်မှတ်ထားတဲ့ မိသားစုအသိုင်းအ၀ိုင်းမှာ လူဖြစ်လာလို့ ၊ ဒါမှမဟုတ် သမ္မာကျမ်းစာကို လက်ဝယ်တွေ့ ရှိလို့ အဖမ်းခံရတဲ့ လူတွေပဲ များပါတယ်။ မြောက်ကိုရီးယားမှာ လူတယောက်အပြစ်ကျူးလွန်မိရင် မျိုးဆက် ၃ ဆက် ဒဏ်ပေးခံရမယ်ဆိုတဲ့ ပေါ်လစီ လည်းရှိပါတယ်၊
အခုတော့ ကင်ဂျုံအီရဲ့ သားဖြစ်တဲ့ ကင်ဂျုံအန်းကို ကြီးမြတ်သော ဆက်ခံသူ Great Successor’ လို့ ခေါ်ဝေါနေကြပါပြီ၊ ဒါပေမယ့် သူရဲ့ အာဏာအခြေခံက အားနည်းပါတယ်။ တကယ်ပဲ သူက ဆုံဖြတ်ချက်ချတဲ့ လူဖြစ်မလား၊ သို့မဟုတ် အာဏာပြိုင်တာတွေဖြစ်မလား၊ မသေချာပါဘူး။

ဒါပေမယ့် အကယ်၍ အခြေအနေ ဖရိုဖရဲဖြစ်ရင် အနာဂတ်ကို ခန့်မှန်းဖို့ ခက်ပါတယ်၊ ကင်ဂျုံအန်းရဲ့ ကံကြမ္မာကလည်း စိတ်ချရတဲ့ အခြေအနေမရှိပါဘူး။ မြောက်ကိုရီးယားကနေ ထွက်ပြေးခဲ့ရသူတွေက ကင်ဂျုံအီ ကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးကို ပို့ဖို့ စည်းရုံးဆော်သြနေကြပါတယ်။ ခုံရုံးမရောက်ခင်မှာပဲ အဖေဖြစ်တဲ့ ကင်ဂျုံအီ ကွယ်လွန်သွားပါတယ်၊ အသက် ၂၈ နှစ်ဝန်းကျင် သားဖြစ်တဲ့ ကင်ဂျုံအန်းအတွက် ကံမကောင်းလှပါဘူး။

ဒီအဖြစ်အပျက်တွေက မြန်မာပြည်အတွက် သင်ခန်းစာကတော့ သင်ခန်းစာတော့ အာဏာရှင်စနစ်ဟာ ရေရှည်မှာ ဘယ်လိုမှ အကျိုးမများနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ပြည်သူတွေက ဆန့်ကျင်အုံကြွလို့ပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးကြောင့်ဖြစ်ဖြစ်၊ အသက်အရွယ် ကြောင့်ဖြစ်ဖြစ် တခုခုဖြစ်လာရင် အာဏာရှင်တွေနဲ့ သူတို့ မိသားစုလုံခြုံရေးအတွက်လည်း ဘာအာမခံချက်မှ မရှိပါဘူး။

လူထုဆန္ဒကို လိုက်လျှောတဲ့ အာဏာရှင်တွေ၊ အချိန်မလွန်ခင်မှာ အသွင်ကူးပြောင်းရေးအတွက် တွေ့ဆုံဆွေးနွေးပြီး အာဏာလက်လွှတ်ပေးတဲ့ အာဏာရှင်တွေဟာ အသက်နဲ့ကိုယ် အိုးစားမကွဲ၊ သူတို့ မိသားစုတွေ အခြေမပျက်ဘဲ ထွက်တော်မူနန်းက ခွာနိုင်ခဲ့ကြပါတယ်၊ ဥပမာအနေနဲ့ တောင်အာဖရိက ဒီကလက်၊ ဆိုဗီယက်ပြညထောင်စုက ဂိုဘာ့ချော့ဗ်၊ အင်ဒိုနီးရှားက ဆူဟာတိုနှင့် ဟာဘီဘီတို့က ကြည့်ပါ။
ဒါကြောင့် ကင်ဂျုံအီရဲ့ အနိစ္စတရားက မြန်မာပြည်က သမတဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ဆက်လက်အကောင်အထည်ဖော်ဖို့၊ လက်တွေ့ဖြစ်အောင် လုပ်ဖို့ တိုက်တွန်းနေပါတယ်၊

သမိုင်းစာမျက်နှာမှာတော့ ကင်ဂျုံအီဟာ လူသတ်သမား၊ နိုင်ငံတကာ ရာဇ၀တ်ကောင် ဟစ်တလာ၊ စတာလင် တို့နဲ့ တတန်းတည်းနေရာရသွားပါပြီး၊ နောက်ထပ် ထေ့ငေါ့ချင်စရာကောင်းတဲ့ တိုက်ဆိုင်မှု တခုက ကင်ဂျုံအီ သေပြီး နောက်တရက်မှာ ချက်ကိုစလိုဗက်ကီးယားက လွတ်မြောက်ရေး ခေါင်းဆောင် ဗားကလက်ဟာဗယ်လ် အနိစ္စရောက်ပါတယ်၊ ဟာဗယ်လ်က ကင်ဂျုံအီကို ကမ္ဘာ့အဆိုးဆုံးအာဏာရှင်၊ လူသန်းပေါင်းများစွာရဲ့ အသက်ကို သတ်တဲ့ တရားခံ လို့ ပြောခဲ့ဖူးပါတယ်။

မြန်မာပြည်က သမ္မတဦးသိန်းစိန်အနေနဲ့ အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး တိုင်းပြည်ကို ဒီမိုကရေစီထွန်းကားအောင် အကူအညီပေးခဲ့တဲ့ ဒီကလက်တို့၊ ဂိုဘာ့ချော့တို့၊ ဟာဗီဗီတို့ အတန်းအစားထဲမှာ ပါချင်သလား၊ သို့မဟုတ် ကင်ဂျုံအီတို့ ဟစ်တလာတို့ လမ်းလိုက်မလား၊ ဘယ်လမ်းရွေးမလဲ ဆိုတာကတော့ ဘယ်လိုလူမျိုးကို အားကျသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။

ညီစောလွင်

Ref: Unlike Than Shwe, Kim Jong Il was a master of thought control by Benedict Rogers 
Source :maukkha

IPHONE 5 ကို ဒီဂျစ်တယ်ကင်မရာအဖြစ် ပြောင်းလဲနိုင်စေမည့် APPLE ICAM



ADR Studio မှအီတလီဒီဇိုင်နာ Antonio DeRosa ၏ iPhone 5 အား super-smart ဒီဂျစ်တယ်ကင်မရာအဖြစ် ပြောင်းလဲအသုံးပြုနိုင်စေမည့် စိတ်ကူးစိတ်သန်းဖြစ်သည်။ iCam ဟုအမည်ပေးထားသည့် အဆိုပါ iPhone အသုံးအဆောင်သည် အရွယ်အစားကြီးမားသည့် display နှင့် ဘဲဥပုံ home ခလုတ်ပါဝင်သည့် iPhone 5 အား iCam အတွင်းသို့ထည့်သွင်းကာ ဒီဂျစ်တယ်ကင်မရာအဖြစ် အသုံးပြုနိုင်စေမည်ဖြစ်သည်။ iCam ၏အရှေ့ဘက်တွင် ဓာတ်ပုံများကို ကိုယ့်ဘာသာရိုက်ကူးနိုင်စေရန်နှင့် အသေးစား projector အဖြစ် အသုံးပြုနိုင်စေမည့် အရွယ်သေးငယ်သည့် screen တစ်ခုပါဝင်မည်ဖြစ်သည်။ အခြား feature များအနေဖြင့် white balance နှင့် ISO control, LED flash, Motion Sensor နှင့် preset program များကိုလှည့်ကာသုံးနိုင်မည့် rotating wheel တစ်ခုတို့ပါဝင်ကြောင်း သိရသည်။ အလူမီနီယံကိုယ်ထည်ဖြင့် ပြု လုပ်ထားသည့် iCam သည် entry-level DSLR ကင်မရာများ၏နေရာတွင် အစားထိုးခြင်းအတွက် အလွန်သင့်တော်ကြောင်း ADR Studio ကဆိုသည်။ Concept အဆင့်သာရှိသေးသည့် iCam အား ထုတ်လုပ် ရောင်းချမည့်နေ့ကိုမူ ကြေညာထားခြင်း မရှိသေးပေ။


 Source : Myanmar News Hub

“လေဖြတ်ခြင်းကို ကာကွယ်နိုင်သည့် ရေနွေးကြမ်း”


ရေနွေးကြမ်းကို ကျွန်ုပ်တို့ မြန်မာလူမျိုးများ ငယ်စဉ်ကတည်းက သောက်ခဲ့ကြသည်။ နေရာတိုင်း အိမ်တိုင်းမှာ ရေနွေးကြမ်းဝိုင်း ရှိခဲ့သည်။ ဧည့်သည်လာလျှင် ရေနွေးကြမ်း အရင်ချပေးသည်။ ရေနွေးကြမ်းကို မြန်မာတို့ ဘာကြောင့် သောက်ခဲ့ရသနည်း။ ကျန်းမာရေး အတွက်လား။အဆီကျ၍လား။ အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းစေ၍လား။ ကင်ဆာကို ကာကွယ်၍လား။ အမှန်အတိုင်း ဖြေရလျှင် မဟုတ်ပါ။ သောက်ကောင်း၍ သောက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ မိတ်ဆွေတစ်ဦးက ခေါ်၍ ဧည့်ခံပွဲတစ်ခုသို့ သွားခဲ့သည်။ ရန်ကုန်မြို့လယ်က ဟိုတယ်ကြီး တစ်ခုတွင် ဖြစ်သည်။ အစားအသောက်များက စုံလှသည်။ အချိုရည်ကလည်း အစုံ၊ ဘီယာ၊ အရက်ကြိုက်သလောက် သုံးဆောင်ပါဟု ဆိုသည်။ သို့သော် ထမင်းစားပြီးနောက် သောက်နေကြ ရေနွေးကြမ်းကို တမ်းတမိသည်။ သည်လို ဟိုတယ်ကြီးမှာ ရ၊ မရမသိ။ ခေတ်မီစွာ အနောက်တိုင်းစတိုင်လ် အပြည့်ဝတ်ထားသော နံဘေးမှ ပုဂ္ဂိုလ်တစ်ဦးကို မေးကြည့်မိပါသည်။ “ဒီမှာ ရေနွေးကြမ်းများ မရနိုင်ဘူးလား” ဟု သူက အသာတကြည်ပင် ပြုံးပြပြီးလူကို ကြည့်သည်။ မိမိ ဘာမှားသွားသလဲဟု စိတ်က ထင့်သွားသည်။ ခပ်ရှက်ရှက် ဖြစ်မိသည်။ “ရနိုင်ပါတယ်” ဟု သူက ပြောသည်။ တော်ပါသေးရဲ့။ ဒါပေမယ့် “ရေနွေးကြမ်းမှာလို့တော့ မရဘူး” ဟု ပြောသည်။ ဘယ်လိုပါလိမ့်ဟု ထင်နေစဉ်မှာပင် သူက ဝိတ်တာကို လှမ်းခေါ်လိုက်သည်။ အနောက်တိုင်း ဝတ်စုံကို သူ့ထက်ပင် သပ်ရပ်စွာ ဝတ်ဆင်ထားသော ဝိတ်တာလူငယ် ရောက်လာသည်။ “ဂရင်းတီး . . . ပလိစ်” ဟု သူကပြောလိုက်သည်။ ဝိတ်တာက ကိုယ်ကိုကိုင်း၊ ခေါင်းကိုငြိမ့်ပြီး ပြန်ထွက်သွားပါသည်။ မကြာမီ ကြွေကရား ဖြူဖြူကလေးနှင့် အိုးတစ်အိုး ရောက်လာသည်။ “ဒါရေနွေးကြမ်းလား” ဟု မေးရာ “ဟုတ်တယ်” သူက အနည်းငယ် ငှဲ့ပြီး အနံ့ခံပြီးနောက် “ဂျပ်စမင်တီးပဲ” ဟု ပြောသည်။

သူပြောသည့် jasmine tea ဆိုသည်မှာ စံပယ်ပွင့် ရနံ့ပါသော လက်ဖက်ခြောက် ဖြစ်သည်။ တစ်ကယ် စံပယ်ပွင့် ပါမပါတော့ မသိပါ။ ထိုနေ့က သောက်ရသော ရေနွေးကြမ်းကို ယနေ့အထိ မမေ့သေးပါ။ သို့သော်လည်း ယခု စာရေးနေချိန် စာရေးသူ၏ စားပွဲပေါ်မှ ရေနွေးကြမ်းနှင့်တော့ မလဲနိုင်ပါ။ ဒီမှာက ကျောက်မဲလက်ဖက်ခြောက် ခတ်ထားသော ရေနွေးကြမ်း အနီဖျော့ဖျော့ ဖြစ်ပါသည်။ ရေနွေးကြမ်းကို jasmine tea ဟု ခေါ်ရခြင်းကို စာရေးသူ မနှစ်မြို့ပါ။ ပေါင်ဒါနံ့လိုလို စံပယ်နံ့လိုလို ပါသော ရေနွေးကြမ်းကိုလည်း မကြိုက်ပါ။ လျှာတွင် အရသာတွေ့သည်မှာ မွေးကတည်းက၊ လူမှန်းစသိကတည်းက အဖိုး၊ အဘတို့နှင့် သောက်ခဲ့သော “အခါးရည်” လည်းကောင်း၊ “အဖန်ရည်”ဟု လည်းကောင်း ခေါ်ကြသည့် ရေနွေးကြမ်းကိုသာ ကြိုက်ပါသည်။ တစ်ကယ်တော့ ထမင်းစားပြီးလျှင် သို့မဟုတ် အစာများများ စားပြီးလျှင် အချိုရည်သောက်သူနှင့် ရေနွေးကြမ်း သောက်သူတို့မှာ ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် အစာအိမ် သက်တမ်းရှည်မှု မတူညီကြပါ။

တိုင်းရင်းဆေးပညာ ရှုထောင့်တွင် ဖြစ်စေ၊ အိန္ဒိယမှလာသော အာယုဗေဒ ဆေးပညာတွင်ဖြစ်စေ အစာစားပြီးလျှင် အစာကြေဖို့အတွက် “ဝမ်းမီး” လိုသည်။ “ဝမ်းမီး” ကို ဒေသနာနယ ဆေးပညာတွင် “ပါစကတေဇော” ဟုလည်း ခေါ်သည်။ “ဝမ်းမီး” မှာ ဝမ်းထဲမှမီး ဖြစ်သည်။ ရေအေးနှင့်လောင်းလျှင် မီးငြိမ်းသွားမည် ဖြစ်သည်။ “ပါစကတေဇော” သည် အစာကို လောင်မြိုက်ပြီး ကြေကျက်အောင် ချက်ပြီးသော တေဇောဖြစ်၍ ပူသောတေဇော (ဥဏှတေဇော) ဖြစ်ပြန်သည်။ ပူသောတေဇော၏ ဆန့်ကျင်ဘက်မှာ အေးသောတေဇော (သီတတေဇော) ဖြစ်သည်။ အေးသောရေ၊ ရေခဲရေ၊ အချိုရည်တို့မှာ အေးသောအရသာ ရှိသဖြင့် “သီတ” အစာ ဖြစ်သည်။ အစာကြေစေသောအပူ ဆန့်ကျင်ဘက် လောင်းထည့်လိုက်လျှင် မည်သို့ ဖြစ်မည်နည်း။ ရှင်းပါသည်။ အစာမကြေနိုင်တော့။ မကြေသည့်အပြင် ပါစကတေဇော ပျက်မည် ဖြစ်လေသည်။ ပူလိုက်အေးလိုက် ဖြစ်ပါများလျှင် အစာအိမ် ပျက်စီးသည်။ အစာအိမ် ပျက်စီးလျှင် ရောဂါတစ်ခုခု ရမည်မှာ သေချာသည်။ ရနိုင်သော ရောဂါများမှာ

(၁)အစာမကြေရောဂါ
(၂)အစာအိမ်ရောင်ရောဂါ
(၃) အချဉ်ပြန်ရောဂါ
(၄)အစာအိမ်အချဉ်ပေါက်ရောဂါ
(၅) အစာအိမ်အနာပေါက်ခြင်း
(၆) အစာအိမ်ကင်ဆာ စသော ရောဂါများ ဖြစ်နိုင်လေသည်။



ရိုးရာဆေးပညာ၊ အာယုဗေဒ ဆေးပညာ အလိုအရ “ရောဂါမှန်သမျှသည် အစာမကြေမှစသည်” ဟု ဆိုသည်။ အနောက်တိုင်း ဆေးပညာများတွင် မကြာသေးမီကမှ ဖတ်လိုက်ရသည်မှာ အစာစားပြီး အချိုရည်နှင့် သံဗူးများ၊ ဂက်စ်ပါသော အချိုရည် သောက်သုံးလေ့ ရှိသူများမှာ စားထားသမျှထဲမှ အဆီဖတ်များကို အေးပြီးခဲအောင် ပြုလုပ်လိုက်သဖြင့် ချေဖျက်ရန် ခက်ခဲပြီး “ဆီးချို” ရောဂါဖြစ်ဖို့ လမ်းစဖြစ်လာနိုင်သည်။ ထို့အပြင် ထိုအက်ဆစ်ဖတ်များကို အာဟာရအဖြစ် အူသိမ်မှ စုပ်ယူရာမှ သွေးကြောများအတွင်း ရောက်ရှိပြီး သွေးတွင်းအဆီထု တက်လာလေသည်။ သွေးတွင်းအဆီထု တက်လာသူများမှာ သွေးကြောကျဉ်း ရောဂါ၊ နှလုံးရောဂါများ ခံစားရလေ့ရှိပြီး အခန့်မသင့်သော တစ်နေ့တွင် အဆီခဲပြတ်ထွက် မျောပါသွားပြီး ဦးနှောက်အတွင်းသို့ ရောက်ရှိပြီး ရုတ်တရက် မူးပြီးလဲကျခြင်း၊ ဦးနှောက်အတွင်း သွေးခဲပိတ်၍ ကိုယ်တစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း၊ လေဖြတ်ခြင်းများပါ ဖြစ်နိုင်သည်။ စာရေးသူ လေဖြတ်သူများကို နှစ်ပေါင်း (၂၀) ကျော် ကုသလာခဲ့သည့် အတွေ့အကြုံများ အရလည်း လေဖြတ်သူ အတော်များများမှာ ဆီးချိုနှင့် သွေးတိုးရောဂါ ရှိခဲ့ကြပြီး ရေခဲရေ၊ အချိုရည်ကို ထမင်းစားပြီးတိုင်း သောက်လေ့ရှိသူများ ဖြစ်သည်ကို တွေ့ရပြန်ပါသည်။ ရေနွေးကြမ်းနှင့် ပတ်သက်ပြီး ပြန်လည်ကောက်ချက် ချရမည်ဆိုလျှင် ကျေးလက်တောရွာများတွင်၊ မြို့ကြီးပြကြီးများ၌ နေထိုင်သူများလောက် လေဖြတ်သူ မများရခြင်း အကြောင်း အရင်းများတွင် ရေနွေးကြမ်းသောက်သော ဓလေ့သည်လည်း တစ်ခုအပါအဝင် ဖြစ်နိုင်ပါသည်။ တောနယ်များတွင် ဆင်းရဲသား လယ်သမား၊ ယာသမားများ ဘဝတွင် အချိုရည်၊ ရေခဲရည်လည်း မသောက်နိုင်ကြပါ။

တရုတ်ပြည်မှ ရှေးနှစ်ပေါင်းများစွာ (အေဒီ-၆၀၀) ကျော် ကတည်းက ဆူပွက်သော ရေနွေးထဲသို့ သစ်ရွက်ကြွေကျရာမှ စတင်ခဲ့သော လ္ဘက်ခြောက် ခတ်သောက်သော ဓလေ့ကြောင့် အာရှနှင့် အရှေ့တောင်ဥရောပ နိုင်ငံများတွင် အစာအိမ်နှင့် အူမကြီးကင်ဆာ ဖြစ်သူ နည်းပါးသည်။ ဥရောပ နိုင်ငံများမှာ အဖြစ်များသော ကင်ဆာသည် အရှေ့တောင်အာရှရှိ ရေနွေးကြမ်းသောက်သော နိုင်ငံများတွင် ဖြစ်ပွားမှု ရာနှုန်းနည်းသည်ကို လေ့လာ တွေ့ရှိကြသည်။ လေဖြတ်ခြင်းသည် လူမသေသော်လည်း ဘဝဆုံးရသော ရောဂါမျိုး ဖြစ်သည်။ စီးပွားရေး အရလည်း မိသားစု တစ်ခုလုံး ငွေကုန်ကြေးကျများပြီး နှစ်ရှည်လများ ထိခိုက်စေသော ရောဂါဖြစ်သည်။ လေမဖြတ်အောင် ကြိုတင်ရှောင်ကြဖို့ လိုသည်။ အမှန်တော့ လေဖြတ်ခြင်းကို ကာကွယ်သည့်ဆေး ဟူ၍ မရှိပါ။ သွယ်ဝိုက်သော နည်းဖြင့်သာ အကျိုးရှိနိုင်သော ဆေးများကိုသာ ရောင်းနေကြခြင်း ဖြစ်သည်။ လေမဖြတ်အောင် နားရွက်နောက်မှ အကြောဖြတ်သူများလည်း တွေ့ဖူးသည်။ အလွန်မှားသော လုပ်ရပ်ဖြစ်သည်။ နားကြောဖြတ်ပြီးမှ လေဖြတ်လာသူကို လက်တွေ့ကြုံဖူးပါသည်။

သတ္တုစပ် လက်ကောက်တစ်မျိုးကို နိုင်ငံခြားမှ လာသည့် လေမဖြတ်သည့် လက်ကောက်၊ ဤလက်ကောက်ကို ဝတ်ထားလျှင် သွေးမတိုးနိုင်ဟု ညာရောင်းနေခြင်းများလည်း ရှိသည်။ စာရေးသူ၏ လက်တွေ့ လူနာများကို ကုသခဲ့ဖူးသော အမြင်ဖြင့် လေဖြတ်ခြင်းမှ ကာကွယ်နိုင်သော နည်းလမ်းကောင်း တစ်ခုကို ညွှန်ပြပါဆိုလျှင် “ရေနွေးကြမ်း” တစ်ခွက်ကိုပင် ညွှန်ပြလိုပါသည်။ သင်လေဖြတ်ခြင်းမှ ကာကွယ်သော ဆေးတစ်ခွက်ကို သောက်လိုလျှင် အစာစားပြီးတိုင်း ရေနွေးကြမ်းတစ်ခွက် သောက်ပါ။ အစာစားပြီးတိုင်း အချိုရည်၊ ရေခဲရည် သောက်သည်ထက် ရေနွေးကြမ်း သောက်သည်က အစာလည်းကြေ၊ ဆီးချိုသွေးတိုး ရောဂါကိုလည်း ကာကွယ်ပြီး သွေးတွင်း အဆီကျစေသည့်အပြင် လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့် ငွေကုန်ကြေးကျ နည်းသော ဆေးကောင်းဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

Ref : Good Health
source : Myanmar News Hub

MISSION: IMPOSSIBLE ဇတ်ကားသစ် BOX OFFICE စံချိန်တင်



ရုပ်ရှင်မင်းသား Tom Cruise ပါဝင်သရုပ်ဆောင် ထုတ်လုပ်ထားသည့် ဇတ်ကားသစ် Mission: Impossible – Ghost Protocol မှာ လွန်ခဲ့သည့် တနင်္ဂနွေနေ့က Box Office တွင် ရောင်းအား အကောင်းဆုံး ဇတ်ကားတစ်ကားအဖြစ် စံချိန်တင်လိုက်နိုင်ပြီ ဖြစ်ကြောင်း သိရကာခရစ္စမတ်နေ့ကာလအတွင်း နံပတ်တစ်သို့ ဝင်ရောက်လိုက်နိုင်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ သောကြာနေ့မှ စတင်ပြသခဲ့သည့် ယခုဇတ်ကားမှာ တနင်္ဂနွေနေ့အထိ အမေရိကန်နှင့် ကနေဒါတို့ရှိ ရုံများမှတစ်ဆင့် ဒေါ်လာ ၂၆.၅ သန်း ရရှိခဲ့ကြောင်း သိရသည်။

Paramount Pictures မှထုတ်လုပ်လိုက်သည့် ယခုဇတ်ကားမှာ တနင်္လာနေ့ အထိ လက်မှတ်ရောင်းချရမှုမှ တစ်ဆင့် ဒေါ်လာ သန်း ၄၀ ရရှိနိုင်ရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။ ယခုဇတ်ကားနှင့် အတူ ရှားလော့ဟုမ်းဇတ်ကား သစ်ဖြစ်သည့် Sherlock Holmes: A Game of Shadows မှာ ဒုတိယနေရာကို ဒေါ်လာ ၁၇.၈ သန်းဖြင့်လည်းကောင်း မိသားစုကြိုက် ဇတ်လမ်းတစ်ခုဖြစ်သော Alvin and the Chipmunks: Chipwrecked ဇတ်ကားမှာ ဒေါ်လာ ၁၃.၃ သန်း ဖြင့်လည်းကောင်း သုံးရက်တာ ရောင်းချရမှုမှတစ်ဆင့် ရရှိသွားကြသည်။

MRTV-4 source : reuters

FACEBOOK CHAT မှာ EMOTICONS/SMILIES တွေကိုယ့်စိတ်ကြိုတ်ပြောင်းနိုင်ပြီ

Facebook Chat မှာ Emoticons/Smilies တွေက အရင်ကလို မျက်နှာ မပါပဲနဲ့ ပုံလေးတွေ ရိုးရိုးရှင်းရှင်း နဲ့ပဲပျင်းစရာ ကြီးမဟုတ် တော့ပါဘူး။ ကိုယ်ကြိုက်တဲ့ Facebook Profile ကိုသုံးလို့ ရပါပြီ။

အသစ်အနေနဲ့ Facebook Chat မှာ ဘယ်သူ့ Profil ဖြစ်ဖြစ်၊ ဒါမှမဟုတ် Official Page တွေ၊ Events တွေ? Service တွေအစ ကြိုက်တဲ့ဟာကိုEmoticon/Smiley အဖြစ်နဲ့ ယူသုံးလို့ ရပါပြီ။ ကိုယ့် အခင်ဆုံး သူငယ်ချင်းဖြစ်ဖြစ်၊ ကိုယ်ကြိုက်တဲ့ အနုပညာရှင်ပဲဖြစ်ဖြစ်၊ ပြောရမယ်ဆိုရင် Facebook မှာရှိနေတဲ့ သန်းပေါင်းများစွာ Profile တွေကို သိသိမသိသိ ယူသုံးလို့ ရပါပြီ။ ဒါဟာ Emoticons / Smilies သုံးသူတွေ အတွက်တော့ တစ်ခါမှ မရှိခဲ့တဲ့ အသစ်တစ်မျိုးပါ။ ဘယ်လို သုံးလို့ရလဲ ဆက်ကြည့်ရအောင်။

- ကိုယ် Emoticon အနေနဲ့ အသုံးပြုချင်တဲ့ ဘယ် Profile ၊ Page ဒါမှမဟုတ် Event ဆီကို အရင်သွားပါ။
- ပြီးရင် Browser ရဲ့ Address Bar ကနေ username ဒါမှမဟုတ် Profile ID ကိုတွေ့အောင်ရှာပါ။ URL ရဲ့နောက်ဆုံးမှာ ရှိတတ်ပါတယ်။ ဥပမာ ပေးရမယ်ဆိုရင် MYMC စာမျက်နှာမှာဆိုရင် “MyanmarYouthMediaClub” (” ” မပါပဲ) စိုင်းစိုင်း Profile ဆိုရင် “saisai.frenzo” ဒါမှမဟုတ် username မရှိသေးရင် “45197362282″ စသဖြင့် တစ်ခုမဟုတ် တစ်ခု ရှိတတ်ပါတယ်။
- အဲ့ဒီ username ဒါမှမဟုတ် Profile ID ကိုလေးထောင့်ကွင်း ရှေ့နှစ်ခု နောက်နှစ်ခုကြား ရေးလိုက်ပါ။ ဥပမာ – [[MyanmarYouthMediaClub]] [[saisai.frenzo]] [[45197362282]]
- Facebook Chat မှာဖြစ်ဖြစ် ဒါမှမဟုတ် Message ပို့ရင်ပဲဖြစ်ဖြစ် အပေါ်မှာ ပြထားသလို ကြိုက်တဲ့ Profile/Events/Page ကို ရိုက်ထည့်လိုက်ရင် ပုံသေးသေးလေးနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်။



ဒီ Emoticons တွေက Web ကဖြစ်ဖြစ် Mobile ကပဲဖြစ်ဖြစ် အသုံးပြု နိုင်ပါတယ်။ ဒါပေမဲ့လည်း လောလောဆယ် မှာတော့ ဒီပုံသေးသေးလေး တွေကို Web မှာပဲ မြင်ရပါသေးတယ်။ Mobile ဒါမှမဟုတ် Facebook App တစ်ခုခုမှာ ကြည့်မယ်ဆိုရင်တော့ အပေါ်က လေးထောင့်ကွင်းနဲ့ စာတွေလိုမျိုးပဲ မြင်ရမှာပါ။ အလားတူစွာ Status တွေ၊ Wall တွေ၊ Comment တွေမှာလည်း သုံးလို့ မရသေးပါဘူး။ ပုံတွေက မြင်ရတာ တော်တော် သေးပေမဲ့ Mouse တင်ကြည့်လိုက်ရင် username ကိုမြင်ရမှာပါ။ ဘယ်သူမှ Owner မရှိတဲ့ ပြည်သူပိုင် စာမျက်နှာတွေ (Wikipedia နဲ့ပြတဲ့ စာမျက်နှာ) ကိုသုံးလို့ မရပါဘူး။



သူများတွေ ကိုယ့်ပုံကို Emoticon လိုသုံးတာ မကြိုက်ဘူးလား၊ ဒါဆိုလည်း မတတ်နိုင်ပါဘူး။ Profile Pic တွေနဲ့ username တွေက Facebook Policy အရ အများသုံးဖြစ်လို့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်ခြင်း မရှိတဲ့အတွက် ဘာမှလုပ်လို့ မရပါဘူး။ ကိုယ့်ပုံကို သူများမသုံးစေချင်ရင် အကောင်း ဆုံးကတော့ Profile Pic သာပြောင်းထား လိုက်ပါ။


Translated by MYMC

Source – TechCrunch

Friday, December 23, 2011

ထက်မြက်ပြီး မှတ်ဥာဏ်ကောင်းဖို့ ဘာတွေ စားကြမလဲ

by Lu Bo

ဥာဏ်စွမ်းထက်မြက်ခြင်း ဆိုတာ လူသားတိုင်း အလိုရှိတဲ့ စွမ်းရည်တစ်ခုပါပဲ။ ဥာဏ်စွမ်းလို့ ဆိုရာမှာ မှတ်ဥာဏ် (Memory) နဲ့ ထက်မြက်မှု (Intelligence) နှစ်မျိုးစလုံး ပါဝင်ပါတယ်။ စာသင်သား လူငယ်တွေ အပါအ၀င် အသက်အရွယ် မရွေးအတွက် အထူးအရေးပါလှတယ် ဆိုတာ ပြောနေစရာတောင် မလိုပါဘူး။

ဥာဏ်ကောင်းအောင် ဘယ်လိုလုပ်ရမလဲလို့ လာမေးတဲ့ လူငယ်တွေ၊ ကလေးကို ဥာဏ်ကောင်းအောင် ဘာတွေ ကျွေးရမလဲ ဆိုတဲ့ မိဘတွေ ခဏခဏ ကြုံရပါတယ်။ ခဏခဏ မေ့တတ်လာလို့ ဘယ်လို လုပ်ရမလဲလို့ အကြံလာတောင်းတဲ့ မိတ်ဆွေတွေလဲ ရှိပါတယ်။ ဒါကြောင့် ဦးနှောက်ဥာဏ်ရည် နှစ်မျိုးစလုံးကို တိုးမြှင့်ပေးနိုင်မှု အရှိဆုံး အစားအသောက် ဆယ်မျိုးကို ကမ္ဘာ့အာဟာရ ပညာရှင်များ သုတေသနပြုထားတဲ့ အတိုင်း စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ဦးနှောက်ဥာဏ်ရည်ဟာ မိဘမျိုးရိုးဗီဇ၊ ပတ်ဝန်းကျင် အနေအထားများရဲ့ လွှမ်းမိုးမှု အထူးရှိပေမယ့် နေ့စဉ် အစားအသောက်များဟာ လူတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးမှာ အတိုင်းအတာ တစ်ခုအထိ အရေးပါတယ် ဆိုနိုင်လို့ အောက်ပါအစားအသောက်များဟာ ဥာဏ်ရည်လျော့ပါးမှုကို ကာကွယ်ဖို့၊ ဥာဏ်ရည်တိုးတက်ဖို့ ကောင်းစွာ အထောက်အကူ ပြုမယ် ဆိုတာ သေချာပါတယ်။

(၁) ငါးများ

ဥာဏ်ကောင်းစေတဲ့ အစားအသောက်တွေထဲမှာ ငါးတွေဟာ ထိပ်တန်းက ပါပါတယ်။ ငါးရဲ့ အဆီတွေဟာ ဦးနှောက်ဥာဏ်ရည် တိုးတက်မှုနဲ့ လုပ်ငန်းဆောင်တာတွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ DHA နဲ့ EPA လို့ခေါ်တဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်တွေ အပြည့်ဝဆုံး ပါဝင်တဲ့ အစားအစာ ဖြစ်ပါတယ်။ အဆီပြည့်ဝတဲ့ ငါးတွေ ပုံမှန် စားပေးရင် ဥာဏ်စွမ်းရည် ပိုမို ထက်မြက်လာစေတယ် ဆိုတာကို ကာလရှည် စမ်းသပ်လေ့လာမှုများစွာ ပြုလုပ်ပြီး တွေ့ရှိထားပါတယ်။ ဒီအစွမ်းဟာ ကလေးတွေမှာသာ မကဘဲ အရွယ်သုံးပါး စလုံးမှာပါ အာနိသင်ရှိတာ တွေ့ရပါတယ်။ အိုမီဂါသရီး အပြည့်ဝဆုံး ငါးကတော့ ဆယ်လ်မွန်ငါး ဖြစ်ပြီး သူ့ကို စားပေးနိုင်ရင် အကောင်းဆုံး ဆိုပေမယ့် ငါးမှန်သမျှကတော့ ပုံမှန်စားသုံးပေးရင် ဥာဏ်ရည်အတွက် အထောက်အကူ ပြုစေတယ်လို့ ဆိုနိုင်ပါတယ်။

(၂) ဥအမျိုးမျိုး


ဥတွေဟာ အကောင်းဆုံး အသားဓာတ်ပင်ရင်း အဖြစ် အသိအမှတ်ပြုထားပါတယ်။ ဒီအထဲမှာမှ ဥအနှစ်မှာ ကိုလင်း (Choline) လို့ ခေါ်တဲ့ မှတ်ဥာဏ်စွမ်းအားဆိုင်ရာ အာဟာရဓာတ် ပြည့်ဝလို့ ကလေးတွေရော မေ့တတ်တဲ့ သူတွေပါ သုံးဆောင်ပေးသင့်ပါတယ်။ ဒီနေရာမှာ တစ်ခု သတိပေးလိုတာက ဥအနှစ်ဟာ ကိုလက်စထရော မြင့်မားစွာ ပါဝင်လို့ အသက် ၃၅ နှစ်အထက် လူတွေ များများ မစားသင့်သလို နျူကလီယာပရိုတိန်းခေါ် အသားဓာတ်များနဲ့ ဖွဲ့စည်းထားလို့ လေးဖက်နာ အမျိုးမျိုး ရှိသူတွေလည်း များများ မစားသင့်ပါဘူး။

(၃) မြေပဲနှင့် မြေပဲထောပတ်

မြေပဲနဲ့ မြေပဲအနှစ်နဲ့ လုပ်ထားတဲ့ မြေပဲထောပတ် (Peanut Butter) တို့ဟာ ဗိုက်တာမင်အီး (Vitamin E) ကြွယ်ဝတဲ့ အစာပင်ရင်းများ ဖြစ်ကြပါတယ်။ ဗိုက်တာမင်အီးဟာ မြင့်မားတဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ (Potent Antioxidant Property) ရှိတဲ့ အာဟာရ တစ်မျိုး ဖြစ်သလို ဦးနှောက်နဲ့ အာရုံကြောများရဲ့ အပေါ်ယံအလွှာ အိုမင်းပျက်စီးခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ မိသားစုမှာ မြေပဲ(သို့) မြေပဲထောပတ်ကို ပုံမှန်စားတဲ့ အကျင့် ရှိတာ ကလေးငယ်တွေရဲ့ ဥာဏ်ရည်အတွက် အကျိုးပြုပါတယ်။ ဗိုက်တာမင် ဘီဝမ်း (Vitamin B1) နဲ့ တွဲဖက်မယ်ဆိုရင် အထူးအစွမ်းထက်ပြီး ဦးနှောက်စွမ်းရည် ကောင်းမွန်စေကာ စိတ်ကြည်လင်စေတဲ့ အာနိသင် ရှိပါတယ်။ ဗိုက်တာမင်ဘီဝမ်း ပါဝင်တဲ့ အစားအသောက်တွေကတော့ နှံစားသီးနှံများ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် အသီးအရွက်များ၊ အသားများ၊ ပဲပင်ပေါက် စတာတွေ ဖြစ်ပါတယ်။

(၄) နှံစားသီးနှံများ


ဒီတစ်မျိုးကတော့ အထူးပြောနေစရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ကစီဓာတ်ပါတဲ့ နှံစားသီးနှံ တစ်ခုခု (ဥပမာ ဆန်၊ ဂျုံ၊ ပြောင်း စသည်) ကို အဓိကအစာ (Staple Food) အနေနဲ့ နေ့စဉ် စားနေကြတာမို့ပါ။ ဒါပေမဲ့ ကလေးငယ်တွေအတွက်ကျတော့ အာဟာရ ပြည့်ဝစွာ စားရဖို့တင်မကဘဲ အဆာမလွန်အောင် စားရဖို့က အထူးအရေးကြီးပါတယ်။ ကလေးတစ်ယောက်ရဲ့ ဘ၀မှာ ဥာဏ်ရည်နဲ့ ပတ်သက်တဲ့ အခြေခံ အကျဆုံး ဦးနှောက်ဖွံ့ဖြိုးမှုဟာ အသက်နှစ်နှစ်အတွင်း အများဆုံးနဲ့ အဓိက ဖြစ်တာမို့ မွေးစကနေ အသက် နှစ်နှစ်ကျော်အထိ ခဏခဏ အဆာလွန်ရတဲ့ ကလေးတွေ ကြီးပြင်းလာရင် အဆာမခံရတဲ့ ကလေးတွေလောက် ဥာဏ်မကောင်းတာ အတိအကျ တွေ့နိုင်ပါတယ်။


အကြောင်းရင်းကတော့ ဆန်၊ ပေါင်မုန့် စတဲ့ ကစီဓာတ် ပြည့်ဝတဲ့ အစာတွေက ခန္ဓာကိုယ်ထဲမှာ ဂလူးကို့စ် (Glucose) ခေါ် သကြားဓာတ်နဲ့ အထက်မှာ ဆိုခဲ့တဲ့ ဗိုက်တာမင် ဘီဝမ်းကို အဓိက ပေးနိုင်တဲ့ အစာတွေ ဖြစ်နေလို့ပါပဲ။ လိုအပ်တဲ့ ပမာဏကို ပြည့်ဝအောင် ပုံမှန်စားသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အ၀လွန်အောင် စားပါလို့တော့ မဆိုလိုပါဘူး။ ဆန်နဲ့ ဂျုံကို နှိုင်းယှဉ်ကြည့်ရင် ဦးနှောက်ဥာဏ်ရည် အားပေးမှုမှာသာမက ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားမှုမှာပါ ဂျုံက ပိုသာတယ်လို့ အာဟာရပညာရှင်များက ဓာတ်ခွဲစမ်းသပ်တွေ့ရှိထားကြပါ

တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဆန်ကို အဓိကစားတဲ့ လူမျိုးတွေ ဖြစ်ပေမယ့် ရင်သွေးငယ်တွေရဲ့ အနာဂတ် ပညာရေးအတွက် အထောက်အပံ့အဖြစ် ပေါင်မုန့်လဲ ပုံမှန်ကျွေးသင့်တယ်လို့ အကြံပြုလိုပါတယ်။

(၅) ကွေကာအုပ်

Oats ခေါ် နှံစားသီးနှံကို ကွေကာအုပ်အဖြစ် စားသုံးကြပါတယ်။ ၄င်းဟာ ဆန်တွေ ဂျုံတွေလို နှံစားသီးနှံများထဲ အပါအ၀င် ဖြစ်ပေမယ့် ထိုအရာတွေ ပုံမှန်စားဖြစ်တယ် ဆိုတာနဲ့ပဲ ကွေကာအုပ်ကို လျစ်လျူရှု မထားသင့်တဲ့ အချက်တွေကတော့ ဦးနှောက်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ရောက်အောင် အားပေးနိုင်တဲ့ ဗိုက်တာမင် အီး၊ ဗိုက်တာမင် ဘီအုပ်စု၊ ပိုတက်စီယမ်နဲ့ ဇင့်ခေါ် သွပ်ဓာတ်တို့ အထူးကြွယ်ဝလှတယ် ဆိုတဲ့ အချက်ပါပဲ။

ကလေးငယ်တွေ ကျောင်းသွားခါနီး ကွေကာအုပ်တစ်ခွက် မှန်မှန် သောက်သုံးစေရင် စာသင်ယူရာမှာအာရုံစူးစိုက်မှု နဲ့ မှတ်မိနိုင်စွမ်း ပိုကောင်းလာတာ တွေ့ရှိရပါတယ်။


(၆) ဘယ်ရီသီးများ


စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ စတဲ့ ဘယ်ရီသီးများနဲ့ ချယ်ရီသီးများဟာ ဗိုက်တာမင် စီ နဲ့ အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပြီး မှတ်ဥာဏ်စွမ်းအားကို အထူးမြဲမြံစေတာကို လေ့လာတွေ့ရှိရပါတယ်။ အသီးတွေရဲ့ အရောင်ရင့်လေ ဒီအာနိသင် ပိုများလေ ဖြစ်ပါတယ်။

(၇) ပဲကြီး


ပဲကြီးဟာ အသားဓာတ်နဲ့ ကစီဓာတ် နှစ်မျိုးစလုံး ပြည့်ဝတဲ့ စားစရာ တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်၊ အိုမီဂါသရီး၊ ဗိုက်တာမင်မျိုးစုံနဲ့ သတ္တုဓာတ်တွေ စုံလင်စွာ ပါဝင်ပါတယ်။ ကလေးငယ် တစ်ဦးဟာ မကြာခဏ ပဲကြီးလုံလောက်အောင် စားပေးရင် တွေးခေါ်လေ့လာ သင်ယူနိုင်စွမ်းမှာ အကောင်းဆုံး ဖြစ်စေဖို့ အထောက်အကူပြုတာ လေ့လာတွေ့ရှိရပါတယ်။

(၈) အရောင်စုံ ဟင်းသီးဟင်းရွက်များ

ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ မုန်လာဥ၀ါ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်ညင်း တို့လိုမျိုး အစိမ်းရောင်၊ အနီရောင်၊ အ၀ါရောင် ဟင်းသီးဟင်းရွက်များဟာ ဦးနှောက်ဆဲလ်တွေရဲ့ ကျန်းမာကြံ့ခိုင်မှုကို ထိန်းသိမ်းပေးထားနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အများဆုံး ပါဝင်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။


(၉) ဒိန်ချဉ်နှင့် နို့ထွက်ပစ္စည်းများ

၎င်းတို့ဟာ ဦးနှောက်ဆဲလ်များ၊ အာရုံကြော ဆက်သွယ်မှု ဓာတုပစ္စည်းများ (neurotransmitters)၊ အရေးပါတဲ့ အဲန်ဇိုင်းများ (Enzymes) ထုတ်လုပ်ရာမှာ မရှိမဖြစ် ပါရမယ့် ကုန်ကြမ်းတွေ ဖြစ်တဲ့ အသားဓာတ်နဲ့ ဗိုက်တာမင် ဘီအုပ်စု ကြွယ်ဝသော အစားအစာများ ဖြစ်ကြပါတယ်။ နေ့စဉ် နို့ထွက်ပစ္စည်းတစ်ခုခု မှီဝဲပေးသူ ကလေးငယ်တွေဟာ သင်္ချာစွမ်းရည်နဲ့ မှတ်ဥာဏ်စွမ်းရည် သူများတွေထက် ပိုကောင်းသလို လူကြီးတွေအတွက်လည်း ဒိန်ချဉ်မှန်မှန် သောက်ပေးရင် မှတ်ဥာဏ် ချို့ယွင်းအားနည်းလာမှုတွေကို ပြုပြင်ဖာထေးနိုင်တာ တွေ့ရပါတယ်။

ဒါ့အပြင် ဦးနှောက်ဆဲလ်များနဲ့ လူ့ခန္ဓာကိုယ် တစ်ခုလုံးက ဆဲလ်များကို အသက်ရှည်စေတဲ့ အစွမ်းရှိတဲ့ ဗိုက်တာမင်ဒီကိုလည်း နို့ကရတဲ့ အစားအစာများမှ ရရှိနိုင်ကြပါတယ်။ ဗိုက်တာမင်ဒီ လိုအပ်ချက်ဟာ စာသင်သားတွေမှာ အထူးများပြားလှပြီး ပြည့်ဝစွာ စားသုံးပေးဖို့ အထူးလိုအပ်ကြောင်း ပညာရှင်များက ပြောဆိုကြပါတယ်။

(၁၀) အမဲသားနှင့် ခြေလေးချောင်း အသားများ


ကလေးတွေ စာသင်ယူရာမှာ စွမ်းရည်ထက်မြက်နေဖို့နဲ့ အာရုံကောင်းကောင်း စူးစိုက်နိုင်ဖို့ သံဓာတ်ဟာ မရှိမဖြစ် သတ္တုဓာတ် တစ်မျိုး အနေနဲ့ လိုအပ်ပါတယ်။ အမဲသားဟာ ခန္ဓာကိုယ်က စုပ်ယူအသုံးချနိုင်တဲ့ သံဓာတ် အကြွယ်ဝဆုံး အစာပင်ရင်းတစ်ခု ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ သွေးအားနည်းသူများဟာ အမဲသားကို စားနိုင်ပါတယ်။ ဒါပေမဲ့ အမဲသားကို အချို့က ယုံကြည်ချက် အမျိုးမျိုးနဲ့ မစားကြတော့ အခြား ခြေလေးချောင်းသားများ (ဥပမာ ဆိတ်၊ သိုး စသည်)ကို အစားထိုး စားသုံးနိုင်ကြပါတယ်။ အမဲသားလောက် သံဓာတ်မကြွယ်ဝပေမယ့် ဒီအသားတွေလောက် စားဖြစ်ရင်လဲ မဆိုးပါဘူး။

အာရုံစူးစိုက်နိုင်စွမ်းကို အားပေးတဲ့ သံဓာတ်နဲ့ မှတ်ဥာဏ်စွမ်းရည် ကောင်းစေတဲ့ သွပ်ဓာတ်တို့ဟာ အဆိုပါ အသားတွေမှာ ပြည့်ဝစွာ ပါဝင်ပါတယ်။ လုံးဝ သက်သတ်လွတ် စားသူတွေ အတွက်ကတော့ ပဲကြီး၊ ပဲနို့ ခေါ် ပဲပိစပ် စတာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ အဆိုပါအစားအစာများ၊ အသားများကို ဗိုက်တာမင်စီ ကြွယ်ဝစွာ ပါဝင်တဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ သင်္ဘောသီး စတဲ့ အသီးအရွက်တွေနဲ့ တွဲဖက် စားသုံးပေးရင် ခန္ဓာကိုယ်ရဲ့ သံဓာတ် စုပ်ယူနိုင်စွမ်းကို ပိုမို ကောင်းမွန်စေပါတယ်။

Probe by : ဒေါက်တာသီဟသစ်

Thursday, September 29, 2011

ဒုက္ခသည် နှင့် နိုင်ငံရေး ခိုလှုံခွင့် ရထားသူ မိသားစုများအတွက် (USA)

မိမိဟာ ဒုက္ခသည်အဖြစ် လွန်ခဲ့တဲ့၂နှစ်အတွင်း အမေရိကန်ကို ၀င်ရောက်လာသူဖြစ်ရင် သို့မဟုတ် နိုင်ငံရေး ခိုလှုံခွင့် ကို လွန်ခဲ့တဲ့ ၂နှစ်အတွင်း ရထားသူဖြစ်ရင် မိမိ မိသားစုဝင်တို့အတွက် ဒုက္ခသည် သို့မဟုတ် နိုင်ငံရေး ခိုလှုံခွင့် ဆက်ခံသူအဖြစ် လျှေက်ထားပေးနိုင်ပါတယ်။ အကယ်၍ မိမိဟာ ဒုက္ခသည် အဖြစ် မလျှောက်ထားသေးရင်သော်လည်းကောင်း၊ နိုင်ငံရေး ခိုလှုံခွင့် မရရှိသေးရင်သော်လည်ကောင်း "ဒုက္ခသည်များနှင့် နိုင်ငံရေး ခိုလှုံသူများ"လို့ဆိုထားတဲ့ ရှင်းလင်းချက်တွေကို ဖတ်ရပါမယ်။

အောက်မှာ ဖော်ပြထားတဲ့ မိသားစုဝင်တွေအတွက် လျှောက်ထားပေးနိုင်ပါတယ်။

• အိမ်ထောင်ဘက်
• ကလေး ( မိမိက နိုင်ငံရေး ခိုလှုံခွင့် သို့မဟုတ် ဒုက္ခသည် အဖြစ် စတင် လျှောက်ထားတဲ့ အချိန်က စလို့ လက်မထပ်သေးသူနဲ့ အသက် ၂၁အောက် ကလေး)

လိုအပ်သော အချက်အလက်များ

• မိမိက လျှောက်ထားပေးသူဖြစ်ရင် မိမိဟာ မဏ္ဍိုင် ဒုက္ခသည် သို့မဟုတ် နိုင်ငံရေး ခိုလှုံခွင့် ရရှိထားသူ ဖြစ်ရပါမယ်။ တနည်းအားဖြင့် မိမိဟာ နိုင်ငံရေး ခိုလှုံခွင့်တို့ ဒုက္ခသည် အဖြစ်တို့ကို ဆွေမျိုးတို့ကတဆင့် ရထားသူ မဟုတ်ဘဲ ကိုယ်တိုင် တိုက်ရိုက် လျှောက်ထားလို့ ရထားသူကို ဆိုလိုပါတယ်။
• နိုင်ငံရေး ခိုလှုံခွင့်ကို လွန်ခဲ့တဲ့ ၂နှစ်အတွင်းက ရထားသူဖြစ်ရပါမယ်။ ဒုက္ခသည်အဖြစ် ၀င်လာသူဆိုရင်လည်း လွန်ခဲ့တဲ့ ၂နှစ်အတွက်က ဒုက္ခသည် အဖြစ်နဲ့ အမေရိကန်ထဲကို ၀င်လာသူ ဖြစ်ရပါမယ်။
• ဒုက္ခသည် သို့မဟုတ် နိုင်ငံရေး ခိုလှုံသူ အဖြစ် ဆက်ရှိရင် သို့မဟုတ် အစဉ်နေထိုင်သွားသူ( Green Card ရထားသူ) အဖြစ် ရောက်ရှိခဲ့ရင်။ တကယ်လို့ မိမိက အမေရိကန် နိုင်ငံသား အဖြစ် ဆက်ခံထားသူ ဖြစ်သွားခဲ့ရင်တော့ မိမိ မိသားစုဝင် တို့ကို ဒုက္ခသည်တို့ နိုင်ငံရေးခိုလှုံခွင့် ဆက်ခံသူအဖြစ် လျှေက်ထားခွင့် မရှိပါဘူး။ သို့သော်လည်း မိမိ မိသားစုဝင်တွေ အမေရိကန်ကို ရောက်လာနိုင်အောင် လုပ်ပေးလို့ ရပါသေးတယ်။ အဲဒါဆိုရင် "အမေရိကန် နိုင်ငံသားရဲ့ မိသားစုဝင်များအတွက်" ဆိုတဲ့ ရှင်းလင်းချက်တွေကို ဖတ်ရပါမယ်။

• မိမိက ဒုက္ခသည် သို့မဟုတ် နိုင်ငံရေး ခိုလှုံခွင့် ရထားသူ မဖြစ်ခင်ကတည်းက မိသားစု အဖြစ်ကို ရောက်ထားရပါမယ်။

o အိမ်ထောင်ဘက်အတွက် လျှောက်ထားပေးချင်တယ်ဆိုရင် ဒုက္ခသည်အဖြစ် အမေရိကန်ကို မ၀င်ရောက်ခင် သို့မဟုတ် နိုင်ငံရေး ခိုလှုံခွင့် မလျှောက်ထားခင် ကတည်းက မိမိဟာ လက်ထပ်ထားသူ ဖြစ်ရပါမယ်။ "ဒုက္ခသည်နှင့် နိုင်ငံရေး ခိုလှုံခွင့် ရထားသူတို့၏ အိမ်ထောင်ဘက်များ" ဆိုတဲ့ ရှင်းလင်းချက်ကို ဖတ်ရပါမယ်။
o မိမိ ကလေးငယ်ဟာ ပဋိသန္ဓေ တည်ထားပြီးသား ဖြစ်ရပါမယ်။ (အမေဟာ ကိုယ်ဝန်ဆောင်ထားပြီးသား ဖြစ်ရမယ်ကို ဆိုလိုပါတယ်။) ဒါမှမဟုတ် မိမိ နိုင်ငံရေး ခိုလှုံခွင့် မရထားခင် ဒါမှမဟုတ် ဒုက္ခသည်အဖြစ် အမေရိကန်ကို မ၀င်ရောက်လာခင် ကတည်းက ကလေးဟာ မွေးပြီးသား ဖြစ်ရပါမယ်။ "ဒုက္ခသည်နဲ့ နိုင်ငံရေး ခိုလှုံခွင့်ရထားသူတို့၏ အိမ်ထောင်ဘက်" ဆိုတဲ့ ရှင်းလင်းထားတာကို ဖတ်ရပါမယ်။

လျှောက်လွှာ လုပ်ငန်းစဉ်

• I-730, Refugee/Asylee Relative Petition ဆိုတဲ့ လျှောက်လွှာကို တင်ရပါမယ်။. (လျှောက်လွှာတင်ခ က အခမဲ့ ဖြစ်ပါတယ်။)
လျှောက်လွှာကို ဒီနေရာမှာ နှိပ်ပြီး ရယူနိုင်ပါတယ်။ (နှိပ်)

အမြဲတမ်း နေထိုင်ခွင့် ရရှိထားသူများ အမေရိကန် နိုင်ငံသားခံယူခြင်း

အကယ်၍ အမေရိကန် ပြည်ထောင်စုတွင် အမြဲတမ်း နေထိုင်ခွင့်ရရှိထားသူအဖြစ်နှင့် ၅နှစ်အနည်းဆုံး နေထိုင်လာသူလျှင်သော်လည်းကောင်း၊ အမေရိကန် နိုင်ငံသားနှင့် လက်ထပ်ထားသူဖြစ်လျှင် ၃နှစ်အကြာတွင်(အကယ်၍ အမေရိကန်နိုင်ငံသားတယောက်၏ အိမ်ထောင်ဘက်အဖြစ် လျှောက်ထားနိုင်သော အချက်အလက်များနှင့် ကိုက်ညီပါက) အမေရိကန်နိုင်ငံသားအဖြစ် လျှောက်ထားနိုင်သော အခွင့်အရေး ရှိသည်။

အမေရိကန် နိုင်ငံသားခံယူနိုင်ရေးအတွက် အထွေထွေလိုအပ်ချက်များ

အမေရိကန် နိုင်ငံသားအဖြစ်လျှောက်ထားရာတွင် လျှောက်ထားသူသည်
• လျှောက်လွှာအမှတ် N-400ကို ဖြည့်သည့်အချိန်တွင် အနည်းဆုံး အသက် ၁၈နှစ် ရှိရမည်။
• အမေရိကန်ပြည်ထောင်စုတွင် တရားဝင် နေထိုင်ခွင့်ရရှိထားသူ ဖြစ်ရမည်။
• အမေရိကန် ပြည်ထောင်စုတွင် အမြဲတမ်း နေထိုင်ခွင့်ရရှိထားသူအဖြစ်နှင့် ၅နှစ်အနည်းဆုံး နေထိုင်လာသူ သို့မဟုတ် အမေရိကန်နိုင်ငံသားတယောက်၏ အိမ်ထောင်ဘက်အဖြစ် လျှောက်ထားနိုင်သော အချက်အလက်များနှင့် ကိုက်ညီပါက ၃နှစ်ကြာ နေထိုင်လာသူ ဖြစ်ရမည်။
• အဆက်မပြတ် အမြဲတမ်းနေထိုင်ခဲ့သူဖြစ်ကြောင်း ပြသထားရမည်။
• လျှောက်လွှာတင်ပြီးအချိန်မှ စ၍ နိုင်ငံသားဖြစ်ကြောင်းအသိအမှတ်ပြုပြီး ကာလအတွင်း အမေရိကန်တွင် ဆက်လက်နေထိုင်ရမည်။
• လျှောက်လွှာ N-400ကို တင်လျှောက်မည့် USCIS ခရိုင်အတွင်း သို့မဟုတ် ပြည်နယ်အတွင်းတွင် ၃လအကြာ နေထိုင်ပြီး ဖြစ်ရမည်။
• အကျင့်စာရိတ္တကောင်း ရှိသူဖြစ်ကြောင်း ပြသရမည်။
• အမေရိကန် ပြည်ထောင်စု အခြေခံဥပဒေအပေါ် သစ္စာရှိကြောင်း ပြရမည်။
• အင်္ဂလိပ်စာကို အခြေခံအားဖြင့် ဖတ်တတ်ခြင်း၊ ရေးတတ်ခြင်း၊ နားလည်နိုင်စွမ်း ရှိသူဖြစ်ရမည်။
• အမေရိကန် ပြည်သူနီတိ အသိရှိကြောင်းပြနိုင်ရမည်။
• အမေရိကန်ပြည်ထောင်စုအပေါ် သစ္စာရှိကြောင်း ကျမ်းသစ္စာ ကျိမ်ဆိုရမည်။

နိုင်ငံခြား မိသားစု ဆွေမျိုးများ ခေါ်ယူခွင့် တောင်းခံခြင်း

I-130, Petition for Alien Relative

ဒီလျှောက်လွှာကို မှန်ကန်အောင် ဖြည့်နိုင်ဖို့ ဖော်ပြထားတဲ့ ညွှန်ကြားချက်တွေကို သေချာဖတ်ရပါမယ်။ အဖြေဖြည့်ဖို့ နေရာမဆန့်တဲ့အခါ အခြား စာရွက်လွတ်တွေကို အသုံးပြုနိုင်ပါတယ်။ ကိုယ့်နာမယ်နဲ့ A နံပါတ် (Alien Registration Number A#)ကို စာမျက်နှာ အပေါ်ပိုင်းမှာ ခေါင်းစဉ်တပ်ပြီး ကိုယ်ဖြေမယ့် မေးခွန်းရဲ့ အပိုင်းနဲ့ နံပါတ်ကို ဖော်ပြပြီး ဖြေဆိုရပါမယ်။ ညွှန်ကြားချက်တွေကို မလိုက်နာဘူးဆိုရင်၊ USCIS အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက ကိုယ့်ရဲ့ လျှောက်လွှာကို ပြန်ပို့တဲ့အခါ မိသားစု ခေါ်ယူရေးကို နှောက်နှေးစေမှာ ဖြစ်ပါတယ်။

နောက်ဆုံး ပုံနှိပ်ထုတ်ထားတဲ့ လျှောက်လွှာပေါ်က လျှောက်လွှာပို့ရမယ့် လိပ်စာသာလျှင် လက်ရှိအဖြစ်ဆုံး လိပ်စာသာ ဖြစ်ပါတယ်။ ကိုယ် စတင်လျှောက်တော့မယ့်အချိန်မှာ လျှောက်လွှာရဲ့ ညာဘက်ဒေါင့်အောက်စွန်းမှာရေးထားတဲ့ ရက်စွဲထက် ရက်ပေါင်း ၃၀ကျော်နေရင်တော့ လျှောက်လွှာအသစ် ညွှန်ကြားချက်ကို USCIS website www.uscis.gov ကိုသွားပြီး ထုတ်ယူနိုင်ပါတယ်။ လျှောက်လွှာပုံစံရဲ့ ညာဘက်အောက်စွန်းဒေါင့်ကို ကြည့်ဖို့ သတိပေးချင်ပါတယ်။ ကိုယ်လျှောက်လွှာပေါ်က ရက်စွဲဟာ လက်ရှိ USCIS ၀က်ဆိုဒ်ပေါ်က လျှောက်လွှာ ပုံနှိပ်ရိုက်ထုတ်ထားတဲ့ ရက်စွဲနဲ့ ကိုက်ညီမှသာ လူဝင်မှုကြီးကြပ်ရေးက လျှောက်လွှာကို လက်ခံမှာဖြစ်ပါတယ်။ အင်တာနက် မရှိတဲ့အခါမှာတော့ ဖုန်းနံပါတ် 1-800-375-5283 ဆက်ပြီး ပို့ရမယ့် လိပ်စာနဲ့ လက်ရှိပုံနှိပ်ထုတ်ထားတဲ့ လျှောက်လွှာရက်စွဲကို လှမ်းပြီး သေချာအောင် မေးမြန်းရပါမယ်။ မမှန်မကန် ဖြည့်ထားတဲ့ လျှောက်လွှာတွေကို ပြန်ပို့မယ်၊ အခကြေးငွေကိုလည်း ပြန်ပေးလိုက်ပြီး ဘယ်လို မှန်ကန်အောင် ဖြည့်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကိုလည်း ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်။

လျှောက်လွှာရဲ့ ရည်ရွယ်ချက်


အမေရိကန်ကို ပြောင်းရွေ့နေထိုင်လိုသူ နိုင်ငံခြား ဆွေမျိုးများ ကို USCIS စာရင်းမှာ ဆွေမျိုးတော်စပ်စာရင်း ထူထောင်ဖို့ အမေရိကန် နိုင်ငံသား သို့မဟုတ် တရားဝင် အမြဲတမ်း အခြေစိုက်နေထိုင်သူ (Lawful Permanent Resident LPR) တွေဟာ အခုလျှောက်လွှာကို ဖြည့်ဆီး လျှောက်ထားနိုင်ပါတယ်။

ဘယ်သူတွေက I-130 ကို လျှောက်ပေးနိုင်သလဲ။

၁။ အကယ်၍ ကိုယ်က အမေရိကန် နိုင်ငံသား ဖြစ်တယ်ဆိုရင် အကျိုးခံစားခွင့်ရှိသူ မိသားစုဆွေမျိုး တဦးချင်းစီအတွက် I-130 လျှောက်လွှာ သပ်သပ်တခုစီ ဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။ I-130ကို ကိုယ့်ရဲ့A. ခင်ပွန်းသည် သို့မဟုတ် ဇနီး B. လက်မထပ်သေးရသူ အသက်၂၁အောက် ကလေး C. လက်ထပ်မထပ်သေးရသူ အသက် ၂၁နှစ် အထက် ကလေး D. လက်ထပ်ပြီးသူ အရွယ်စုံ ကလေး E. ကိုယ် ညီအစ်ကို မောင်နှမ အရင်း (ကိုယ်တိုင်က အသက်၂၁နှစ် ရှိရပါမယ်) F. အမေနဲ့ အဖေ (ကိုယ့်တိုင် အသက် ၂၁နှစ် ရှိရပါမယ်)။၂။ ကိုယ်က တရားဝင် အမြဲတမ်း အခြေစိုက်နေထိုင်သူ (Green Card ခေါ် LPR) ဖြစ်ရင်တော့ လျှောက်လွှာ I 130 ကို ကိုယ့်ရဲ့A. ခင်ပွန်းသည် သို့မဟုတ် ဇနီးB. လက်မထပ်သေးရသူ အသက်၂၁နှစ် အောက်ကလေး C. လက်မထပ်သေးရသူ ကလေး အသက်၂၁နှစ် အထက် အတွက် လျှောက်ထားပေးနိုင်ပါတယ်။မှတ်ချက်၁။ အမြဲတမ်း အခြေစိုက်နေထိုင်သူတွေရဲ့ လက်ထပ်ပြီးဖြစ်တဲ့ ကလေးအတွက်ကိုတော့ ဗီဇာ ကဏ္ဍသပ်သပ်မရှိပါဘူး။ ကိုယ်က အမေရိကန် နိုင်ငံသားမဖြစ်ခင် အမြဲတမ်းအခြေစိုက်နေထိုင်ခွင့်ရရှိထားသူ အဆင့်မှာပဲ အကယ်၍ လက်မထပ်သေးရသူ ကိုယ့် ကလေးငယ်ဟာ လက်ထပ်သွားခဲ့ဆိုရင်လည်း လျှောက်ထားတဲ့ တောင်းခံလွှာဟာ အလိုအလျှောက်ကို ပယ်ပျက်သွားမှာ ဖြစ်ပါတယ်။


၂။ အကယ်၍ ကိုယ့် မိသားစုဆွေမျိုးက အထက်မှာ ဖော်ပြခဲ့တဲ့ ၁(C), ၁(D), သို့မဟုတ် ၁(E) ကဏ္ဍအချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ သူတို့တွေရဲ့ ခင်ပွန်းသည် သို့မဟုတ် ဇနီးတို့၊ အသက် ၂၁အောက် လက်မထပ်သေးရသူ ကလေးငယ်အတွက် သီးခြား လျှောက်ထားဖို့ မလိုပါဘူး။၃။ အကယ်၍ ကိုယ်ဆွေမျိုးတွေက အထက်က ၂(B) သို့မဟုတ် ၂(C) ကဏ္ဍတွေမှာ ပါဝင်နေရင်လည်း သူတို့တွေရဲ့ လက်မထပ်သေးရသူ အသက် ၂၁အောက်ကလေးတွေအတွက် သီးခြား လျှောက်ထားဖို့ မလိုပါဘူး။၎။ မှတ်ချက် ၂နဲ့ ၃နဲ့မှာ ပြောထားတဲ့ သူတွေအတွက်ကိုတော့ မိမိ လျှောက်ထားမယ့် ဆွေမျိုးကတဆင့် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

၇ ဂျူလိုင် အမှတ်တရ / ၁၉၆၂ ကျောင်းသားသမဂ္ဂ ဖျက်ဆီးမှု

တော်လှန်ရေးကောင်စီဖွဲ့စည်ကြောင်း၊ လူထု အကျိုးစီးပွားအတွက် တပ်မတော်က တာဝန်ယူကြောင်း ကြေငြာချက်များနှင့် အတူ အများပြည်သူတို့အား စီတန်းလမ်းလျှောက်၍ ဆန္ဒပြပွဲများ မပြုကြရန် မေတ္တာရပ်ခံချက်စာတိုကလေးများကို သတင်း စာတိုက်များတွင် ဖော်ပြပါရှိခဲ့လေသည်။ဆန္ဒပြလျှင်အရေးယူမည်ဟု လည်းနောက်ဆက်တွဲ သတိပေးထားခဲ့၏။ စစ်တပ်က အာဏာသိမ်းကြောင်း ကြေငြာချက်ကို ဆန့်ကျင်မှုများပေါ်ပေါက် လာလေမည်ကို ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ်ကြီးများ ကြောက်ရွံ့ကြသည်မှာ သိသာထင်ရှားသည်။




အိမ်စောင့်အစိုးရခေတ်တွင် ကိုကိုးကျွန်းအကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိကရေစီ ၀ါဒီများနှင့် ကွန်မြူနစ်ဟု ယူဆသူများအား ဒလကြမ်း ဖမ်းဆီးနှိပ်စက်ခဲ့သည့် သင်ခမ်းစာ ရှိသဖြင့် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်း မရှိစေကာမူ စစ်အစိုးရ အလိုမရှိကြောင်း၊ ကန့်ကွက်စာတမ်းများသည် မတ်လ ၂ ရက်နေ့မှ စတင်၍ မြောက်များစွာ ပေါ်ထွက်လာခဲ့သည်။ လူငယ်တပ်ဦး နှင့် မဟာမိတ် အဖွဲ့၊ ရခိုင်သံဃတပ်ဦး၊ ရခိုင်သောတုဇနအဖွဲ့ချုပ် စသောအဖွဲ.အများက ဆန့်ကျင်ကန့်ကွက်စာများ ထုတ်ပြန်ကြသဖြင့် အစိုးရ သစ်၏ ပြည်ထဲရေး ၀န်ကြီးဌာနအဖို့ ပထမလုပ်ငန်းအဖြစ် ဆန့်ကျင်စာတမ်းများကို လိုက်လံသိမ်းဆည်း နေရသည်။ လက်ဝဲနိုင်ငံရေးပါတီကြီး ဖြစ်သော ဗမာပြည်အလုပ်သမားပါတီက စစ်တပ်က အာဏာသိမ်းမှုနှင့် စပ်လျဉ်း၍ "လူထုဆန္ဒနည်း မပါပဲစစ်တပ် နည်းသက်သက်ဖြင့် အာဏာသိမ်းနည်းကို ယေဘူယျ အားဖြင့် ပါတီက မနှစ်သက်ကြောင်း" ဟုဆန့်ကျင်ကြောင်း လက်မခံကြောင်းနှင့် ကြေငြာ၏။


ရဲဝံ့ပြတ်သားစွာ ကြေငြာသော အဖွဲ့အစည်းများမှာ ကျောင်းသားအဖွဲ့အစည်းများဖြစ်ကြသည်။ တက္ကသိုလ် တပ်ဦးသစ်၊ ရန်ကုန်ခရိုင်ကျောင်းသားများ သမဂ္ဂတို့က စစ်တပ်က အာဏာသိမ်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ကြောင်း ကြေငြာကြသည်။ ကြောငြာချက်နှင့်အညီ စစ်တပ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင်ကြသဖြင့် တော်လှန်ရေး အစိုးရနှင့် ထိပ်တိုက်တွေ့ကြရလေသည်။တပြည်လုံးရှိ တက္ကသိုလ် ကျောင်းသားများသည် စစ်အစိုးရ ဆန့်ကျင်ရေး အစည်းအဝေးများကို မတ်လဆန်းကပင် ကျင်းပ၍ ဆန္ဒပြကြသဖြင့် ရန်ကုန် တက္ကသိုလ် အာဏာပိုင်များက ကျောင်းဆောင်များ အတွက် စည်းကမ်းသစ် အမိန့်များကို ထုတ်ပြန်သောအခါ လှုပ်ရှားမှုများမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဂျူလိုင် ၃ ရက်နေ့မှ စတင်ကာ "စည်းကမ်းသစ်ကို အလိုမရှိ" ဟုကြွေးကြော်သံများကို အော်ဟစ်သော ရန်ကုန်ကျောင်းသားများသည် တက္ကသိုလ် ပရ၀ုဏ် ပတ်ဝန်းကျင် ဒေသများသို့ လှည့်လည်ဆန္ဒ ပြကြသည်။
ဂျူလိုင် ၅ ရက်နေ့တွင်ကမာရွတ် ရဲဌာနာရှေ့တွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြကြသည့် ကျောင်းသားများကို ရဲတို့က သေနတ်နှင့် ပစ်ခတ်လူစုခွဲကြသည်။ ကျောင်းသားတဦးဒဏ်ရာ ရရှိသဖြင့် ဆေးရုံသို့ပို့ရသောအခါတွင် လှုပ်ရှားမှု ပြင်းထန်လာခဲ့တော့၏။ ဂျူလိုင် ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျောင်းသားများသည် တက္ကသိုလ် ပရ၀ုဏ် တခုလုံးမှ တံခါးများကိုသော့ခတ်ပိတ်ဆို့ ပြီး "ဒီမီုကရေစီ ခံတပ်ကြီး" ဟုဆုင်းဘုတ်များ တင်ကာ ဒီမီုကရေစီ တရားပွဲများကို အသံချဲ့စက်နှင့် ဟောပြောကြသည်။


မကျေမနပ်ဖြစ်နေသော ကျောင်းသားများသည် စစ်တပ်ဆန့်ကျင်ရေးကို အမျိုးမျိုး ဟောပြောနေကြရာ "တော်လှန်ရေး ကောင်စီဝင် ဗိုလ်မှုးကြီးများသည် ၃ ယောက်ပေါင်း ၇ တန်းသာအောင်သူများဖြစ်ကြသည်" စသည်ဖြင့် စိတ်တွင်းရှိသမျှ ဟောပြောကြလေသည်။ ထိုအချိန်တွင် တက္ကသိုလ် တ၀ိုက်တွင် တာဝန်ချထားသည့် ရဲအဖွဲ.ကို ရုပ်သိမ်းကာ စစ်သားများကို တပ်စွဲထားလေပြီ၊ စစ်ကားတစင်းတွင် အသံဖမ်းစက် တခုတပ်ဆင်ထားသည်။ ထိုအသံဖမ်းစက်က ကျောင်းသားတို့က အသံချဲ့စက်မှ ဟောပြောသမျှကို ဗိုလ်နေ၀င်း၏ အိမ်တော်သို့ တိုက်ရိုက် အသံလွှင့်ပေးရသည်။ ဂျူလိုင် ၇ ရက်နေ့တွင်မူ ပြင်းထံစွာဟောပြောသော ကျောင်းသားများ၏ ဟောပြောချက်များကို နားမခံနိုင်သဖြင့် ဒေါသ အမျက်ချောင်းချောင်းထွက်ကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ရန် ဗိုလ်နေ၀င်းက ကြိုးမဲ့ အသံလွှင့် စကားဖြင့် ကိုယ်တိုင် အမိန့်ပေးခဲ့သည်။


တက္ကသိုလ် တ၀ိုက်တပ်စွဲထားသော စစ်တပ်များကို ကွပ်ကဲသူ ဒုတိယဗိုလ်မူးကြီး စိန်လွင်က တပ်သားများအား အဆင့်ဆင့် အမိန့်ပေးသဖြင့် လက်နက်မပါပဲ မိမိတို့ အဆောင်တွင်း ၌ ဆန္ဒပြကြသည့် ကျောင်းသားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိသည့် အဆောင်နေ ကျောင်းသား အများတို့ကိုပါ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပစ်ခတ် သတ်ဖြတ်ကြသည်။ စစ်သားတို့သည် ဂျီ သရီး သေနတ် သစ်များကို ပထမစတင် အသုံးပြုကာ လက်တည့်စမ်း သတ်ဖြတ်ကြသည်။ ထိုသေနတ်သစ်များမှာ အနောက်ဂျာမဏီမှ ပစ္စည်း ကိရိယာများကို ရန်ကုန်တွင် တပ်ဆင်သည်။ ဂျီ သရီး သေနတ်သစ်များကို အာဏာသိမ်းစဉ်က တပ်အချို့သို့ထုတ်ပေးခဲ့ရာ၌ ခုခံမှု မရှိသဖြင့် အသုံးမပြုခဲ့ရပေ။ ထိုလက်နက်သစ်များကို စမ်းသတ်ရန်လက်ယား နေသူ ဗိုလ်နေ၀င်းအဖို့ အခွင့်အရေး ရရှိသွားတော့သည်။ ကျောင်းသား ၁၅ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိသည်ဟု အစိုးရက ကြေငြာ၏။ သေစာရင်း အမှန်မှာ ကျောင်းသား ၁၀၀ ကျော်ရှိသည်။


ကျောင်းဝင်းအတွင်းသို့ ပစ်ခတ်သတ်ဖြတ်ပွဲ ပြီးသောအခါ တကသအဆောက်အဦးကို စစ်တပ်က ၀ိုင်းထားပြန်၏။တက္ကသိုလ် သမဂ္ဂ အဆောက်အဦးကြီးသည် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် အဆောက်အဦးကြီး ဖြစ်သည်သာမက မြန့်မာ့ နိုင်ငံရေး သမိုင်းတွင်နယ်ချဲ့ဆန့်ကျင်ရေး ခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ် အသိအမှတ်ပြုထားသည့် ဗိမာန်ကြီး ဖြစ်သည်။ ၁၉၂၂ ခုနှစ် တက္ကသိုလ်ကျောင်းသားများ၏ သပိတ်မှ စတင်ကာ နိုးကြားလာသည့် မြန်မာလူထုကို ကျောင်းသား ခေါင်းဆောင်များက နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများ ဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ၁၉၂၇ ခုနှစ်က ဖွဲ့စည်းခဲ့သည်။ သမဂ္ဂအဆောက်အဦကို မျိုးချစ်မြန်မာ သဌေး ဦးညိုက တည်ဆောက်လှူဒါန်းသည်။

အဆောက်အဦးကို ကျောင်းသားများ၏ ပညာရေး၊ လူမှုရေးနှင့် ကျမ္မာရေး ကိစ္စများကို အသုံးပြုရန် ဦးတည်သဖြင့် အင်္ဂလိပ် တက္ကသိုလ် အဏာပိုင်များကပင် အားပေးခဲ့ကြသည်။ ကျောင်းသားများက စကားရည်လုပွဲများ ကျင်းပလေ့ရှိရာတွင် မြန်မာနိုင်ငံ အဖို့ အန္ဒိယပြည်နှင့် ခွဲရေး၊ တွဲရေးပြဿနာ ပေါ်လာသောအခါ သမ္မဂ ခန်းမဆောင်မှာ နိုင်ငံရေး ခေါင်းဆောင်များ၏ စကားစစ်ထိုးရာ ဗိမာန်ဖြစ်လာခဲ့သည်။ ဦးဘဖေ၊ ဒေါက်တာ ဗမော် စသော ခေါင်းဆောင်များသည် တကသ ခန်းမမှ ဟောပြောကြရင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။

နောက်ပိုင်းတကသ အသင်းကို ကျောင်းသား ခေါင်းဆောင်အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေနှင့် ကိုရာရှစ်တို့ တက်လာချိန်မှ စတင်ပြီး နယ်ချဲ့ တိုက်ပွဲ စစ်မြေပြင်၏ ခံတပ် အဆောက်အဦးကြီး ဖြစ်လာခဲ့သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံမှ အင်္ဂလိပ်တို့အား လက်နှက်နှင့် တိုက်ခိုက်နှင်ထုတ်မှု အထိအရှိန် အဟုန် ပြင်းထံခဲ့သဖြင့် လွတ်လပ်ရေးတိုက်ပွဲများ၏ အောင်ဗိမာန်ကြီး အဖြစ် မြန်မာ တမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။

ဗိုလ်နေ၀င်း တက္ကသိုလ်ရောက်ရှိချိန်တွင် တကသ လှုပ်ရှားမှုများ ကြီးစွာ ဖြစ်ပေါ်ခဲ့သော်လည်း ကျောင်းသားများ၏ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမပြုပဲ ကျောခိုင်းနေခဲ့သည်။
"ပြောကြဟောကြတာတွက လေကုန်သည်၊ သူ့အဖို့လည်ပတ်၊ ဘောလုံးကစားရန်ပင် အချိန်မလောက်၊ သူ့လမ်းနှင့်သူ မှန်မှန် ချီတက်လျှက်ရှိခဲ့ပေသည်"ဟုဒေါက်တာမောင်မောင်ရေးသည့် ဗိုလ်နေ၀င်း အတ္ထုပတ္တိ စာအုပ်ကြီးတွင် သူကပြောခဲ့သည်။ ဤ တကသ အဆောက်အဦကြီးမှ ကိုနု ကိုအောင်ဆန်းတို့ လူငယ်တစု နိုင်ငံက ကိုးစားသော ခေါင်းဆောင်များ ဖြစ်ခဲ့သည်ကို သူက အမြဲ မနာလိုဖြစ်နေခဲ့သည်။ နယ်ချဲ့တော်လှန်ရေး အရေးတော်ပုံကြီး၌ သူမပါခဲ့သောကြောင့်မကျေ မနပ်ဖြစ်နေခဲ့သည်။ ထို့ကြောင့် လွတ်လပ်ရေး တိုက်ပွဲဝင် တကသ အဆောက်အဦကြီးကိုသူ မကြည့်လို။

ထို့ပြင် ဂျူလိုင် ၇ ရက်နေ့က ကျောင်းသားများကို ပစ်ခတ်သတ်ဖြတ်စဉ်က ကျောင်းသားခေါင်းဆောင်များ သေဆုံးခြင်း မရှိ၊ အချို့မှာ ဖမ်းဆီး၍ပင် မမိသေးပဲ တကသ အဆောက်အဦ မျက်နှာကြက်တွင် ပုံးအောင်းနေသည်ဟု သတင်းကို ဗိုလ်နေ၀င်း သိရှိသောအခါ တကသ ခေါင်းဆောင်မှန်သမျှကို သတ်ဖြတ်ရန် ရည်ရွယ်ချက်နှင့် တကသ အဆောက်အဦကြီးကိုပါ အပြီးအပြတ်ဖျက်ဆီးရန် အမိန့်ပေးခဲ့ပြန်သည်။သမဂ္ဂရုံးကို ဖြိုပြီးနောက် ဗိုလ်နေ၀င်း ဥက္ကဌ အဖြစ်ဆောင်ရွက်သော တော်လှန်ရေးကောင်စီက
"စည်းကမ်းမဲ့ဘ၀ကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်တွင် ကျရောက်နေသဖြင့် တပ်မတော်၏အား တစိတ်တဒေသကို သုံး၍ဖြေရှင်းလိုက်ရခြင်း ဖြစ်သည်"

ဟုကြေငြာခဲ့၏။ ထိုကြေငြာချက်မှာ စစ်တပ်ကို အံတုကြလျှင် ယခုထက်ကြီးမားသော လက်နက် အင်အားနှင့် ဖြေရှင်းမည်ဟု ရာဇသံပေးသည့် သဘော သက်ဝင်၏။ ထိုမျှမကသေး တကသ အဆောက်အဦကို ဖျက်ပြီးနောက် လူထုအား အသံလွှင့် မိန့်ခွန်းပေးရာတွင် သူကသတ်ဖြတ်လိုက်သော ကျောင်းသားငယ်ကလေး များသည် လက်နက်ဟူ၍ အပ်တို တချောင်းမှ မရှိကြသည်ကို သူသိပါလျက်နှင့် လက်နက် ကိုသူပုန်အဖွဲ့ကြီးများကို ရင်ဆိုင်နေသည့် သဖွယ် ပုံကြီးချဲ့ပြီး
"ဓားကို ဓားခြင်း၊ လှံကိုလှံခြင်း ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်"


ဟုဒေါသဟုန်း ဒေါသသံနှင့် အသံလွှင့်၍ ပြောခဲ့ပြန်သည်။ ဗိုလ်နေ၀င်း နှင့် စစ်ဗိုလ်ကြီး တစုသည် ဂျူလိုင် ၇ ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့် နိုင်ငံက အမွန်အမြတ်ထားသည့် တကသ အဆောက်အဦကြီး ကို ဗုံးခွဲ ဖျက်ဆီးမှုကြီး တို့ကို ဒေါသမွှန်သဖြင့် စိတ်လိုက်မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူတို့၏ စစ်တပ်အဖို့ မတရားကြီးမားသော ရာဇ၀တ်မှုကြီး ဖြစ်နေသည်ကို စဉ်းစားမိကြသည်။ နူးညံ့ သိမ်မွေ့သော လိပ်ပြာကလေးကို အမြောက် နှင့် ပစ်ခတ် သတ်ဖြတ်သကဲ့သို့ ရာဇ၀င်ရိုင်းနေသည်ကို တစိမ့်စိမ့် တွေးတော၍ မြင်တွေ့မိကြသောအခါ တနေ့တွင် လူထုက ဒဏ်ခတ် လေမည်ကို ကြောက်သွေးဖြာလာကြသည်။ မတရားမှုကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးအတွက် တစိမ့်စိမ့် ကြောက်ဒူး တုန်လာကြေသောအခါတွင် တရားခံသည် မိမိ မဟုတ်ပါဟု တဦးကို တဦးက လက်ညှိုးထိုး၍ အပြစ်ဖို့ရင်း မိမိအပြစ် မရှိကြောင်း ထုချေမှုများကို အကြိမ်ကြိမ် ပြုကြသည်။ တော်လှန်ရေးကောင်စီ ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဒုတိယ ဥက္ကဌ ဗိုလ်မူးချုပ် အောင်ကြီးတို့သည် တဦးကိုတဦး တရာခံဖြစ်လေဟန် ဖော်ကောင်လုပ်ကြသည်။ ဗမာ့ တပ်မတော်ကြီး၏ ထိပ်သီးကြီးများသည် သာမာန် သူခိုး လူဆိုးအဖွဲ့ ကလေးမျှပင် ညီညွတ်မှု မရှိ၊ အမှားကို ၀န်ခံရန် သတ္တိတစက်မှ မရှိသူရဲဘောကြောင်သူများ ဖြစ်ကြောင်းပေါ်လွင်လာတော့သည်။ ထိုစဉ်က ဒုတိယကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ အောင်ကြီးက
"တကယ် အမိန့်ပေးတဲ့စာယူလာပြီး မရမ်းကုန်းကို ပေးလာသူ ဗိုလ်သန်းစိန် ဖြစ်ပါတယ်။

 သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေ ဂျီအီးဖိုး အင်ဂျင်နီယာ တပ်ခွဲကိုမှာယူ၊ အဲဒီမှာ မလုံလောက်လို့ စီအဒီ ပင်မစစ် ပစ္စည်းသိုလှောင် ရေးသွားယူခိုင်းသူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီ တပ်မှူး ဗိုလ်ဝင်းကို လိုက်ရှာပြီး၊ အင်းတိုင်ကို သွားရောက်ယူရတာပါ။ ခွဲဖို့ အမိန့်ပေးသူတွေဟာ ပြည်ထဲရေးဝန်ကြီး၊ လုံခြုံရေးကောင်စီ ဥက္ကဌ ဗိုလ်ကျော်စိုး ဖြစ်ပါတယ်။ တကယ် ဒိုင်းနမိုက်တွေ ဆင်ရတဲ့ တပ်က အင်ဂျင်နီယာ တပ် ဗိုလ်မှူးထွန်းရီ ဖြစ်ပါတယ်။အားလုံးဒိုင်းနမိုက်တွေ ဆင်ရတာဟာ နံနက်လင်းအားကြီးမှ ဖြစ်ပါတယ်၊ လက်မှတ်ထိုးမည့် အရာရှိကြီးကြီးမားမား မရှိလို့ဒုက္ခရောက်နေတုန်း လမ်းလျှောက်ရင်း ရောက်လာတဲ့ ဗိုလ်မှူးကြီး မင်းသိန်းဖြစ်ပါတယ်။ သူက၀င်ပြီး ခွဲတဲ့အမိန့် လက်မှတ်ထိုးပေးဖို့၊ ဗိုလ်ထွန်းရီ က ပြောလို့ ၊ သူကလက်မှတ်ဝင်ထိုးပြီးဒိုင်းနမိုက် ခွဲတာဖြစ်ပါတယ် တရားခံ ဖြစ်ရှာတဲ့ ဗိုလ်အောင်ကြီး ဆိုသူဟာ ဗိုလ်မှူးကြီးလှဟန်နှင့် ဗိုလ်ချုပ် အိမ်လိုက်အသွား ပါမောက္ခချုပ် ဆရာကြီး ဦးကာ ကို ဗိုလ်လှဟန်က သမဂ္ဂဖြိုဖို့ အမိန့်ရတယ်လို့ ပြောတာ ထပ်ကြားရတော့ အရဲစွန့်ပြီး၊ ဗိုလ်ကျော်စိုး ရှိရာ အသံလွှင့်ရုံကို တယ်လီဖုန်းဆက်ပြီး၊အဲ့ဒီကိစ္စကိုရပ်ထားပေးပါ၊ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါမယ် ဆိုပြီး၊ ဟိုရောက်တော့လဲ ဘာမှ မပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့သူ ဖြစ်ပါတယ် "ဟုသူ၏ စာတမ်းတွင် ဝေ့လည်ကြောင်ပတ် ရေးသားကာ ဖြေရှင်းသည်။


ဗိုလ်နေ၀င်းက တဖန် အကြီမ်ကြိမ်ဖြေရှင်းသည်။ သူ၏ နောက်ဆုံးနေ့ လူထုကလက်မခံတော့သဖြင့် မဆလ ဥက္ကဌကြီး ရာထူးမှ ထွက်ပေးရသောနေ့တွင် ပင် လူစုလူဝေးရှေ့မှာ ကျွန်တော်စကားပြောတာ ယခုအကြိမ်ဟာ နောက်ဆုံး အကြိမ်ဖြစ်နိုင်တာမို့ ကျောင်းသားများက ကျွန်တော်နှင့် တော်လှန်ရေး ကောင်စီတဖွဲ့လုံးအပေါ် အထင်လွဲနေသည့် အဖြစ်အပျက်တခု တင်ပြပါရစေဟု ပါတီညီလာခံမှ ထပ်မံ ရှင်းပြန်၏။ တက္ကသိုလ် သမဂ္ဂအဆောက်အဦး ကို ၁၉၆၂ ခုနှစ် ဂျု လိုင် ၈ ရက်နေ့နံနက်တွင် ဖေါက်ခွဲ ဖျက်ဆီးခဲ့သည်ကို အများသိပြီး ဖြစ်ပါသည်။ ပထမ ဂျူလိုင်လ ၇ ရက်နေ့ညနေ ကျွန်တော် ဆောင်ရွက်ခဲ့သည့် အပိုင်းကို ဖေါ်ပြမှ ပြည့်စုံမည် ဖြစ်၍ ဖေါ်ပြပါမည်။ ထိုနေ့ ညနေ ၅ နာရီခန့်တွင် သေနတ်ပစ်သံ ကြား၍ ကျွန်တော်က တယ်လီဖုန်းဖြင့် ဗိုလ်ကျော်စိုးကို အခြေအနေ မေးရာ ဆရာကြီး ဦးကာတို့မိသားစုအား ဘေးကင်းသည့် နေရာသို့ ပိုထားပြီဖြစ်ကြောင်းပြောပါသည်။ ဆူပူသူ ကျောင်းသား ခေါင်းဆောင်များကို ဖမ်းမိပြီလားဟု မေးရာ မမိသေးကြောင်း သမဂ္ဂ အဆောက်အဦးတွင်း အချို့ရှိကြောင်း ပြောသဖြင့် ကျွန်တော်က ရဲများ တပ်မတော်သားများ နောက်ထပ် အနာတရ မရှိရအောင် အောက်ပါအတိုင်း ညွန်ကြားပါသည်။


(က) သမဂ္ဂ အဆောက်အဦး အတွင်းရှိ သူများကို အဆောက်အဦးတွင်းမှ ထွက်ကာ အဖမ်းခံရန် အသံချဲ့စက်ဖြင့် ပြောရန်၊ ထွက် မလာပါက လက်နက်ကြီးများ သုံးမည်ဆိုသည့် အချက်ထဲ့ပြောရန်
(ခ)အသာတကြည် ထွက်၍ အဖမ်းမခံပါ ရီကွိုင် လက် ဂန်းဖြင့် ပစ်ဖမ်းရန် လိုအပ်ပါက ရီကွိုင်လက် ဂန်းသုံးရန်၊ အထက်ပါအချက်တို့ကို မမှောင်ခင် ပြီးအောင် ဆောင် ရွက်ရန်။

ဒီနေရာမှာ အရေးကြီးတာ ကျွန်တော်ပြောပါမယ်။ ဖေါက်ခွဲ ဖျက်ဆီးရန် အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းတို့တွင် ကျွန်တော် နှင့် တကွ တော်လှန်ရေးကောင်စီဝင် အချို့တို့ မပါခဲ့ပါ။ ဂျူလိုင်လ ၈ ရက်နေ့နံက်တွက် ဗုံးကြီးကြီး တလုံး ပေါက်ကွဲသကဲ့သို့ အလွန်ပြင်းထန်သော မြည်ဟီးသံကြီး ကြားရသဖြင့် စုံစမ်းတော့မှ သမဂ္ဂ အဆောက်အဦး ကို(ဒိုင်းနမိုင်း) တို့နှင့် ဖျက်ဆီးလိုက်ကြောင်း ကျွန်တော်သိရပါသည်။ အခြားတော်လှန်ရေးကောင်စီဝင် အတော်များများ လည်း ထိုပေါက်ကွဲသံကြားပြီးမှ သိကြရပါသည်။


သို့သော် အသံလွှင့်ရုံတွင် တော်လှန်ရေး ကောင်စီ အချို့တို့ဖြင့် ဖွဲ့စည်းထားသော လုံခြုံရေးကောင်စီအားလုံးနှင့် လုံခြုံရေးတာဝန် ယူရသော လုံခြုံရေးကောင်စီ ဥက္ကဌ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီး ဘနီ၊ ထောက်လှမ်းရေး ဗိုလ်မှူးကြီးမောင်လွင် ရမင်းကြီး ဦးဘအေးတို့ ရောက်နေကြပါသည်။ ထို ဂျူလိုင်လ ၈ ရက်နေ့ သမဂ္ဂအဆောက်အဦးကို ဖြိုလိုက်ကြောင်း သိပြီး နောက် ဗိုလ်ကျော်စိုး ကို ခေါ်၍မေးရာ ၇ ရက်နေ့ညနေက ကျွန်တော်က သမဂ္ဂအတွင်း ၀င်ရောက်နေသည့်ဆူပူသူ ခေါင်းဆောင်များကို ဖမ်းဆီးရာတွင် လိုအပ်လျှင် ရီကွိုင်းလက်ဂန်းကိုသုံနိုင်သည်ဆိုသည့် အချက်ကို သမဂ္ဂအဆောက်အဦကို ဖျက်ခိုင်းသည် ယူဆသဖြင့် ဖျက်လိုက်သည် ဟုဖြေပါသည်။ ဒီလိုဆိုရင်လည်း ဓား ဓားချင်း၊  လှံလှံ ချင်းဆိုသည့် စကားလုံးများ ပါသည့် ကြေငြာချက်ကို အသံလွှင့်လိုက်ပါသည်။ နောက်သုံးလေး လကြာပြီးနောက် ကျွန်တော် အရက်မူးမူးနှင့် သမဂ္ဂ အဆောက်အဦကို ဖျက်ဖို့ အမိန့်ပေးသည်ဟု နိုင်ငံခြားသတင်းစာ ဆရာတို့ အသိုင်းအ၀ိုင်း ပြောဆိုနေသည်ကို ကြားရ၍ ဗိုလ်ကျော်စိုးကို ကျွန်တော် အရက်မူးပြီး ဖျက်ဖို့ အမိန့်ပေးတယ် လို့ ကျွန်တော် တယောက်ထဲကို တရားခံ လုပ်ထားတယ်။ အဲ့ဒါကြောင့် ဂျူလိုင် ၇ ရက်နေ့က အဖြစ်အပျက်ကို ပြောပြခိုင်းပါသည်။ အဲ့ဒီတော့မှ ဗိုလ်ကျော်စိုးက အဖြစ်အပျက် အမှန်ကို ပြောပြပါတော့သည်။ အရင်က တော်လှန်ရေးကောင်စီ တက်ခါစတွင် စိတ်ဝမ်းကွဲကြတာတွေ မပေါ်အောင်လို့ ဖုံးဖုံးဖိဖိ ဖြေခဲ့ခြင်းဖြစ်ပါသည်။

အဖြစ်အပျက် အမှန်မှာ ထို ၇ ရက်နေ့က အသံလွှင့် ရုံရှိလူစုထဲမှ တဦးတယောက်က ဖျက်ပစ်လျှင် ကောင်းမည်ဟု ပြောရာမှ ဖျက်သင့် မဖျက်သင့်ကို ဆွေးနွေးကြပါသည်။ နောက်ဆုံး ဗိုလ်ချုပ်ကို အသိပေးပြီး ဗိုလ်ချုပ်သဘောတူ လျှင် ဖျက်မည်ဟု ဆုံးဖြတ်ကြပါသည်။ ဗိုလ်အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားပြီး တင်ပြမည်၊ သဘောတူ မတူ အဖြေကို သူယူခဲ့မည်ပြောပြီး ကိုလှဟန်ကို ခေါ်၍ကားနှင့် ထွက်သွားပါသည်။ ထို့နောက် ဗိုလ်အောင်ကြီး အသံလွှင့်ရုံသို့ ပြန်လာပြီး ဗိုလ်ချုပ်က သဘောတူလိုက်ပြီဟု ပြောသဖြင့် အသံလွင့် ရုံရှိလူသိုက်တို့ သမဂ္ဂအဆောက်အဦး ကို ဖျက်ဖို့ ပစ္စည်းများ စုပြီး ဖျက်ပစ်လိုက်ပါသည်။ ထိုအဖြေကို ရပြီးနောက် ဗိုလ်အောင်ကြီးမပါပဲ ကျန်တော်လှန်ရေး ကောင်စီဝင်များကို ခေါ်၍ ဗိုလ်အောင်ကြီး ကျွန်တော်ကို မတင်ပြပဲနှင့် ကျွန်တော်၏ သဘောကို မမေးပဲနှင့် အသံလွှင့်ရုံရှိ လူသိုက်ကို ကျွန်တော်သဘောတူ လိုက်သည်ဟု ပြောသည့် အကြောင်းတင်ပြခဲ့ပါသည်။............ဟု ဗိုလ်နေ၀င်းက တိုင်းပြည်သို့ ရှင်းပြသည်။
ဗိုလ်နေ၀င်း၏ နောက်ဆုံးနေ့ မျက်ဖြေ လင်္ကာ စာတန်းကြီးမှာ ကာရန်မပါ စာသားမချောပါ။ အဖြစ်မှန်ကို ကိုယ်တွေ့မျက်မြင် သိရှိခဲ့သော သတင်းထောက်များ အဖို့ စာရှည်ကြီးကို လုံးစေ့ပတ်စေ့ ဖတ်ပြီး ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီးနှင့် တော်လှန်ရေးကောင်စီဝင် စစ်ဗိုလ်ကြီးများသည် လမ်းကြိုလမ်းကြားမှ ခါးပိုက်နှိုက် အဖွဲ့၏ အဆင့်ပင်မရှိ။ အရေးကြုံက မိမိကိုယ် လွတ်ရုံးကာ လွယ်ကူစွာ လုပ်ဖေါ်ကိုင်ဖက် ကို တရားခံဟု လက်ညှိုးထိုး၍ ဖေါ်ကောင် လုပ်ကြသည်ကို သိသာထင်ရှားစွာ မြင်တွေ့ကြရပေသည်။

ဂျူလိုင် ၇ ရက်သွေးချောင်းဆီး လူသတ်ပွဲကြီးနှင့် ပတ်သက်၍
(က) ဗိုလ်နေ၀င်းက စောစောက မသိ သေနတ်သံကြားမှ သိရသည်ဟု ဖြေရှင်းခြင်းသည် လိမ်ညာသော မုသားဖြစ်သည်။ ကျောင်းသားတို့ ဟောပြောချက်ကို သူ့ထံသို့ ကြိုးမဲ့ အသံလွှင့်ခွက်နှင့် လွှင့်ကြားပေးသောကြောင့် ကျောင်းသားများ၏ အသံကို စိတ်ဆိုးကာ သတ်ဖြတ်မိန့်ထုတ်သည်မှာ ဗိုလ်နေ၀င်း ကိုယ်တိုင်ဖြစ်သည်။
(ခ) ထိုစဉ်က တပ်ဦးမှ ပစ်မိန့်ပေးရသူ ဗိုလ်စိန်လွင်က မိမိသည် ဗိုလ်နေ၀င်း၏ အမိန့်အရ ပစ်မိန့်ပေးခဲ့ပါသည်ဟု မဆလ ပါတီပျက်သောအခါတွင် ဖြေရှင်းဖေါ်ထုတ်ခဲ့သည်။
(ဂ) ကျောင်းသားများ လက်ချက်နှင့် ရဲ ၇ ဦး ၈ ဦး ဒဏ်ရာရရှိသည်ဟု ဗိုလ်နေ၀င်းက ပြောသည်မှာလည်း လိမ်ညာသော မုသားဖြစ်သည်။ အဆောင်ဝင်း တံခါး မှန်သမျှကို ကျောင်းသားများက ပိတ်ထားခိုက် ပြင်ပ ရှိ စစ်တပ်က ပစ်ခတ် သတ်ဖြတ်ချိန်တွင် တက္ကသိုလ် ပတ်ဝန်းကျင်တွင် ရဲတယောက်မှမရှိ၊ ကျောင်းသားတို့က ရဲတို့အား ရန်ပြုရန် မဖြစ်နိုင်
(ဃ) တကသ အဆောက်အဦး မျက်နှာကြက်တွင် ကျောင်းသား ခေါင်းဆောင်များကို သတ်ဖြတ်ရန် ဦးတည်ချက်ဖြင့် အဆောက်အဦးကြီးကို ဖျက်စေ အမိန့်ပေးသူမှာ ဗိုလ်နေ၀င်းဖြစ်သည်။ မဖျက်ရန် ဟန့်တားလေဟန်ပြောသော ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်အောင်ကြီးလည်း တာဝန်ရှိသည်။

(င) တကသ ကို ဖျက်ဆီးပြီး နောက်တနေ့ နံနက် ဘာကြောင့် ဖျက်ရသည်ဟု တော်လှန်ရေးကောင်စီ၏ ကြေငြာချက်တွင် တော်လှန်ရေးကောင်စီသည် စည်းမဲ့ကမ်းမဲ့ ဘ၀ကို ပြင်ရမည့် တာဝန်သည် မိမိတို့ အပေါ်တွင် ကျရောက်နေသဖြင့် တပ်မတော်၏ အားတစိတ် တဒေသကို သုံး၍ ဖြေရှင်းလိုက်ရခြင်း ဖြစ်သည်။ ဟု သတင်းစာတို့မှ ထုတ်ပြန် ခဲ့ပါလျှက် တော်လှန်ရေးကောင်စီ ဥက္ကဌ က မိမိ မသိပါ၊ မိမိ ပါဝင်ခြင်း မရှိပါဟု ပြောသည်မှာလည်း မဟုတ်မမှန်သော မုသားဟု ထင်ရှားသည်။

(စ) ယခုဖြစ်ပျက်သည့် ကိစ္စသည် ကျောင်းသား ကိစ္စတခုတည်းမဟုတ်ပဲ နိုင်ငံရေး အမှောင့် ပရောဂ ဖမ်းစားတယ်ဆိုတာ ကျွန်တော်တို့ ရိပ်စားမိပါတယ်" ဟု ဗိုလ်နေ၀င်း၏ သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင် အသံလွှင့်ချက်၌ ကျောင်းသားတို့နောက်မှ ဗကပ တို့ ပါလေဟန် ပြောသည်မှာလည်း လိမ်ညာလီဆယ်ချက်ဖြစ်သည်၊ ထိုအချိန်က ဗိုလ်နေ၀င်းက မြို့ပေါ်ရှိလက်နက်ချ ဗကပ များကို သိမ်းသွင်းကာ တောတွင်းရှိ ဗကပ များ အလင်းဝင်ရန် စကားကမ်းလှမ်းနေချိန်ဖြစ်သည်။ ကျောင်းသားတို့ လှုပ်ရှားမှုသည် ပြင်ပ ပယောမပါသည်ကို သိပါလျှက် သတ်ဖြတ်မှုကြီး နှင့် ဖျက်ဆီးမှုကြီးကို လူထုက လက်ခံအောင် လီဆယ်ပြောဆိုချက်သာ ဖြစ်သည်။

(ဆ)ကျောင်းသားများအား သတ်ဖြတ်ပြီးနောက် "ကျွန်တော်တို့ကို အပြောဘ၀မှာ နစ်မွန်းစေခြင်းအားဖြင့် အလုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင်လုပ်နေကြတယ် ဆိုလျှင်တော့ ကျွန်တော် နောက်ထပ်ဘာမှ မပြောတော့ပါဘူး အနည်းဆုံး ဓားကို ဓားချင်း လှံကို လှံချင်း ဆိုင်ဘို့သာ ရှိပါတော့တယ်" ဟုပြောသည်မှာ ဒေါသသံနှင့် တုံရီနေသည်ကို ကြားရသူ လူထုက သိရှိနားလည်ကြသည်။ ဗိုလ်နေ၀င်းရာထူးမှ ဆင်းပေးရသော ၈၈ ခုနှစ်က စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်သည်။ မိုးပေါ်ထောင်ပြီး ဖေါက်တာမပါဘူး၊ နောင်ကို ဆူဆူပူပူ လုပ်တဲ့သူတွေတော့ မသက်သာဘူးလို့သာ မှတ်ပေတော့ ဟု ပြောခဲ့သော မိန့်ခွန်းမှာ အသံ တမျိုးတည်း ရှိသည်ကို လူထုက သတိရကြသည်။

(ဇ)ထိုစဉ်က လက်တွေ့သတ်ဖြတ် ရုံမျှမက နှုတ်မှ လည်း စစ်ကြေငြာခဲ့ပါလျှက် နောက်ပိုင်းမှ သူသတ်သည် ငါသတ်သည် သူဖျက်သည် ငါဖျက်သည် ဟု တဦးကို တဦးက လက်ညှိုးထိုး၍ ဖေါ်ကောင်လုပ်ကြစေကာမူ ခေါင်းရှောင်ကြစေကာမူ ဗိုလ်နေ၀င်းသည် အဓိက တရားခံ ဖြစ်သည်ကို လူထုကမေ့မရနိုင်ပေ။

ဤအချက်များကို ထောက်ရှု့၍ တပ်မတော်ကြီးကို ဦးစီးကြသော ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ်ကြီးများသည် ဘိန်းစားခါးပိုက်နှိက် အဖွဲ့ဝင်တို့မျှပင် သတ္တိမရှိ လွန်စွာ သူရဲဘော ကြောင်ကြသည်ကို သိသာထင်ရှားစွာ မြင်သိနိုင်ကြပေသည်။ ဗိုလ်နေ၀င်း နှင့် စစ်ဗိုလ်တစုသည် အင်္ဂလိပ် နယ်ချဲ့ကို တိုက်ခဲ့သော ကျောင်းသား နိုင်ငံရေး လှုပ်ရှားမျှုများတွင် သူတို့ပါဝင်ခဲ့ခြင်း မရှိသဖြင့် ကျောင်းသားများ၏ လွတ်လပ်ရေးတိုက်ပွဲ ကဏ္ဍကို သမိုင်းမှ ဖျောက်လိုကြသည်။ သမဂ္ဂ အဆောက်အဦကို အယူသီး ဘာသာခြားတဦး အခြားဘာသာ အဆောက်အဦးကို မမြင်လိုကြသကဲ့သို့ ဖျက်ဆီးခဲ့ကြသည်။ ကျောင်းသားခေါင်းဆောင်များ သမဂ္ဂ၌ ပုန်းနေကြသည်ဟု သတင်းရသဖြင့် သတ်ဖြတ်ရန် သွေးဆာနေသောကြောင့် ဖျက်ဆီးကြသည်။

နိုင်ငံ တည်စမှ စတင်ပြီး တပ်မတော်သည် သူတို့ကဲ့သို့ သူရဲဘောကြောင်ပြီး ဗိုလ်နေ၀င်းနှယ် လောဘရမက် လွန်ကဲသူတို့၏ လက်တွင်းသို့ ကျရောက်ရသည်မှာ နိုင်ငံ၏ ကံကြမ္မာ သာဖြစ်ချေတော့၏။ဗိုလ်နေ၀င်းသည် လူသတ်ပွဲကြီး အပီးတွင် ခေါင်းရှုတ်သဖြင့် အပန်းဖြေဦးမည်ဟုဆိုကာ ဥရောပသို့ ဂျူလိုင် ၉ ရက်နေ့က အပန်းဖြေ ခရီးထွက်သောအခါ ဗိုလ်အောင်ကြီးအား တိုင်းပြည်ကို အပ်၍ မင်းပဲကြည့်လုပ်တော့ကွာ ဟု တာဝန်ပေးအပ်ခဲ့သည်။ ဥရောပသွား ဗိုလ်နေ၀င်းည် အမှန်တကယ် အပန်းဖြေသွားသည်ဖြစ်၏။ မြန်မာနိုင်ငံတွင် မြင်းပွဲများ ကျင်းပခြင်းမပြုရဟု တော်လှန်ရေးကောင်စီဥက္ကဌ အာဏာဖြင့် သူကိုယ်တိုင် အမိန့်ထုတ်ခဲ့သည်။ သို့သော် ငယ်စဉ်ကပင် လောင်းကစား ၀ါသနာထုံခဲ့သောကြောင့် လောင်းကစားပွဲ မသွားရသဖြင့် ပျင်းရိ ငြီးငွေ့စေသည်။ အပန်းဖြေခရီးကို အင်္ဂလန်ပြည် လန်ဒန်မြို့သို့သွားကာ မြင်းပြိုင်ပဲ ခွေးပြိုင်ပွဲများသို့ သွားရောက် လောင်းကစားခြင်းဖြင့် အပန်းဖြေခဲ့သည်။ ထိုခရီးပြီး နောက်နှစ်များတွင် တနှစ်လျှင် ငါး ကြီမ်နှုန်းခန့် ဥရောပသို့သွားကာ လောင်းကစားပွဲများ အပန်းဖြေလေ့ရှိခဲ့သည်။

ကျောင်းသားများကို သတ်ဖြတ်၍ သမဂ္ဂကိုဖျက်ဆီးပြီး ဥရောပသို့ အပန်းဖြေ မထွက်မှီကလေးတွင် ဗိုလ်နေ၀င်းက ကျောင်းသားများအား မအေ နှမ ရိုင်းစိုင်းစွာ ဆဲဆိုကာ အမိန့်ပေးခဲ့သေးသည်။ "မအေ x တွေ၊ ကျောင်းမတက်ကြစေနဲ့ ၊ တက္ကသိုလ်အားလုံး ပိတ်ထား......." ဟု သားသမီးချင်း ကိုယ်ချင်း မစာမနာ အမိန့်ထုတ်ခဲ့သည်။ သူ၏ခေတ် တလျှောက်လုံး ကျောင်းသားလှုပ်ရှားမှုပေါ်တိုင်း တက္ကသိုလ်များကို နှစ်ရှည် လများ ပိတ်ရန် အမိန့် ထုတ်လေ့ ရှိရာ သူ၏ တပည့်စစ်အစိုးရများကလည်း ထိုလမ်းစဉ်ကို ဆက်လက်ကျင့်သုံးကြသဖြင့် စစ်အစိုးရများ ခေတ်၌ ပေါက်ဖွားသည့် မြန်မာ လူငယ်များ အထက်တန်းပညာ မတတ်ကြပဲ လူညွန့်တုံးကြရရှာလေသည်။

ကြေးမုံဦးသောင်း

ဆင်းရဲခြင်းကို အဆုံးသတ် စေဖို့





အလွန်သေးငယ်တဲ့ငွေကြေးမတည်မှုဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆင်းရဲ ခြင်းကိုအဆုံးသတ် စေပါတယ်။ ၀င်ငွေအလွန်နိမ့်တဲ့လူတွေအတွက် သူတို့ဘ၀ကို ငွေရေး၊ ကြေးရေးမြင့် တင်နိုင်ဖို့ကူညီစီစဉ်ပေးဖို့ နည်းလမ်း ရှိပါတယ်။ အသေးစား ငွေကြေးမတည်စနစ်ဟာ ကျောမွဲလူတန်းစားကိုဆင်းရဲတွင်းကဘယ်လို ကယ်ထုတ် နိုင်တယ်ဆိုတာ တစ်ကမ္ဘာ လုံးကိုပြမယ့် အစီအစဉ်ဖြစ်ပါတယ်။

အသေးငယ်ဆုံး ငွေကြေးမတည်မှု ငြခမသ်ငညညေခန ဆိုတာကို သင်ဟာ စီးပွားရေးပါရဂူမဟုတ်တဲ့အတွက် နားလည်ဖို့မလိုပါဘူး။ ဒီအယူအဆဟာ အလွန် ဆင်းရဲတဲ့ လူတန်းစားတွေအတွက် သူတို့ရဲ့စီးပွားရေးစီမံမှုကို စတင်နိုင်ဖို့အတွက် အသေးစား ငွေချေးပေးတာ ဖြစ်ပါတယ်။ အချိန်တန်လို့ရှိရင် ငွေချေးတဲ့လူတွေဟာ ငွေစုပြီး ပြန်လည်ဆပ် ရပါမယ်။ အသေးစားငွေကြေးမတည်မှုဟာ ငွေရေးကြေးရေး လုံခြုံမှုကိုအထောက် အကူပြု တယ်။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ အလှူငွေမ ဟုတ်လို့ဖြစ်ပါတယ်။ အသေးစား ငွေကြေး မတည်မှုရဲ့အယူအဆကတော့ ငွေချေး သူတွေကို လုပ်ပိုင်ခွင့် အာဏာ ပေးပြီး ဒီလိုလုပ်ပေးလိုက်တာဟာ သူတို့ရဲ့ စီးပွားရေးတည်ဆောက်ဖို့နဲ့ ၀င်ငွေတိုးပွား အောင်လုပ်ဖို့ဖြစ် ပါတယ်။


အသေးစားငွေကြေးမတည်မှုဟာ တခြားထောက်ပံ့မှုတွေနဲ့ မတူပါဘူး။ ကုလသမဂ္ဂ ဒါမှမဟုတ်နိုင်ငံတကာငွေရေးကြေးရေး၊ ရန်ပုံငွေလို ဒေါ်လာ သန်းပေါင်းများ စွာဖွံ့ဖြိုးဆဲနိုင်ငံ တွေကို တည်ဆောက်ပေးဖို့ဖြစ်ပါတယ်။ လက်ခံ ရရှိတဲ့အစိုးရကလည်း ရေရှည်တည် တံ့ဖို့ လုပ်ဆောင် ပေးတယ်။ ကျေးလက်မှာ နေတဲ့ ဆင်းရဲသား လူတန်းစားတွေအတွက် ဘဏ်စနစ် မရှိပါဘူး။ အုပ်ချုပ်ရေး ကုန်ကျစရိတ်များလို့ ဖြစ်ပါတယ်။ အသေးစား ငွေကြေးမတည်မှုဟာ ဆင်းရဲသား လူတန်းစားတွေအတွက် စီစဉ်ပေးတာ ဖြစ်တယ်။ ငြခမသ်ငညညေခန ဆိုတာက အလွန်သေးငယ်သော ငွေကြေးမတည်မှု၊ ငြခမသခမနိငအ က အသေးစား ငွေကြွေးစာရင်း၊ ငြခမသူနညိငညါ က အသေးစား ငွေချေးခြင်းတို့ ဖြစ်တယ်။

Akhtar Hameed Khan ဟာ ၁၉၅၉ ခုနှစ်မှာကြွေးစာရင်းကို လေ့လာစမ်းသပ် တယ်။ သူဟာပါကစ္စတန်ဆင်းရဲ သားတွေ နေတဲ့နေရာမှာ အကြွေးအသေးစားကို ၁၉၅၉ ခုမှာ စတင် စမ်းသပ်ပေးတယ်။ သူ့ရဲ့ကြိုးပမ်းမှုဟာ စီမံကိန်းဖြစ်လာတယ်။ ၁၉၇၆ ခုနှစ်မှာ စီးပွားရေးပါရဂူမိုဟာ မက်ယူနတ်စ်ဟာ သူ့ရဲ့ဇာတိနိုင်ငံ ဘင်္ဂလားဒေ့ရှ်မှာဖွံ့ဖြိုးဖို့ကူညီတယ်။ ရွာတွေမှာရှိ တဲ့ဆင်းရဲသားတက်ကြွသူတွေကို လေ့လာတယ်။ သူတို့ထံမှ စီးပွားရေးအသစ်ကို လည်း လေ့လာသိရှိရတယ်။ သူဟာ အမျိုးသမီးအုပ်စုတစ်ခုကို ၂၇ ဒေါ်လာ ချေးလိုက်တယ်။ အဲဒီငွေနဲ့ အရင်းအနှီးပြုလုပ်ပြီး ပစ္စည်းရောင်းချဖို့ ဖြစ်ပါတယ်။

ယူနတ်စ်ဟာဂရမ်မီဘဏ် ကိုတည်ထောင်ပြီး ဆင်းရဲသားတွေအတွက် မနစ်နာ စေဖို့ဖြစ်ပါ တယ်။ သူဟာရွာတစ်ရွာကစတင်တည်ထောင်ပါတယ်။ ဆင်းရဲ သားတွေ လုပ်ငန်း လုပ်တတ်ဖို့နဲ့ငွေစုဆောင်းတတ်ဖို့ရည်ရွယ်ပါတယ်။ အောင်မြင်တဲ့ အခါမှာ တခြားရွာ တွေကို လည်းဒီအတိုင်းပြုလုပ်ပါတယ်။ ဒီဘဏ်တွေဟာ ငွေချေး သူတွေကို ပိုင်ဆိုင်ပါတယ်။ ယူနတ်စ် ဟာ ဂရမ်မီဘဏ်ကြောင့် ၂၀၀၆ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိပါတယ်။ လူတွေဟာ ဆင်းရဲခြင်းကို လက်ခံနေမယ်ဆို ရင်ဆင်းရဲခြင်းဟာအမြဲတည်ရှိနေလိမ့်မယ်လို့ဆိုပါတယ်။ လူတွေရဲ့ပုံသေအတွေး အခေါ်တွေကို ပြောင်းပစ်လိုက်မှ ကမ္ဘာ ကြီးဟာဆင်းရဲခြင်းကင်း သွားပါလိမ့်မယ်။


အသေးစားကြွေးစာရင်းဟာအထူးသဖြင့် ဆင်းရဲတဲ့အမျိုးသမီးတွေကို ထောက်ပံ့တာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ငွေရေး၊ကြေးရေး၊ ပညာ ရေးတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက်အခွင့်အရေးရှိလို့ ဖြစ်ပါ တယ်။ အမျိုးသမီးတွေဟာ သူတိုရဲ့ငွေကို မိသားစုအတွက် သုံးတာများပါတယ်။ စားရေး၊ သောက်ရေး၊ ကျန်းမာရေးနဲ့ပညာရေးတွေမှာ ဖြစ်ပါတယ်။ လေ့လာချက် တစ်ခုအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ကြွေးကို မှန်မှန်ပြန်ဆပ် တယ်။ အသေးစားငွေချေးမှုနဲ့ပတ်သက်လို့အမျိုးသမီးတွေအကြောင်း လေ့လာမယ် ဆိုရင် Robyn Nietert ကို ပြောရမှာဖြစ်ပါတယ်။ သူမကMaryland ကဖြစ်ပါတယ်။ သူမဟာ အသေးစား ငွေကြေးမတည်မှုရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ သူငယ်ချင်းတွေနဲ့စ တင်တည် ထောင်တယ်။


ဒီအဖွဲ့ဟာ ယူဂန်ဒါက ဘူလံဘူရွာအမျိုးသမီးအဖွဲ့နဲ့ဆက်သွယ်ပါ တယ်။ အမျိုးသမီးတွေ အားလုံးကလည်း မုဆိုးမတွေဖြစ်ကြပါတယ်။ ပထမဦးဆုံး အမျိုးသမီး ၂၀ ရွေးလိုက် တယ်။ သူတို့ဟာ သွက်လက်ချက်ချာသူတွေ ဖြစ်ခဲ့ တယ်။ ငြနအနမအဟာ သူတို့ကို စီးပွားရေးနဲ့ ပတ်သက်လို့ စီမံကိန်းတွေ မှတ်တမ်း တွေ သေသေချာချာလုပ်ဖို့ သင်ပေး ပါတယ်။ အမျိုးသမီးတစ်ယောက်ကို ဒေါ်လာ ၅၀မှ ၁၅၀ချေးဖို့ပြောပါတယ်။ အဲဒီအဖွဲ့ က အမျိုးသမီးတွေဟာ ငွေပြန်ဆပ်တယ်။ ဘယ်တော့မှမပျက်ကွက်ကြပါဘူး။ အ ကယ်၊ တစ်ယောက်က ငွေပြန်မဆပ်နိုင် ရင်ကျန် ၁၉ယောက်ကကူညီပြီး ၀ိုင်းဝန်း ဆပ် ပေးကြပါ တယ်။ သူတို့ဟာ အောက် ခြေအဆင့်လူတန်းစားတွေ ဖြစ်ပါတယ်။ သူတို့ယူတဲ့ အကြွေးနဲ့ကာလ ဒေသနဲ့ ကိုက်ညီတဲ့လုပ်ငန်းကို လုပ်စေပါတယ်။

အခုအခါမှာ ယူဂန်ဒါနဲ့ ကင်ညာကအမျိုးသမီးတွေကို ကြွေး ၁၀၀၀ ပေးနေပါပြီ။ သူတို့ ပြန်ဆပ်တဲ့ ကြွေးတွေဟာ ရွာအမျိုးသမီးဘဏ်ထဲကို ၀င်သွားပါတယ်။ ကြွေးယူပြီး ၀င်ငွေဖြစ်လာ တာဟာ အမျိုးသမီးတစ်ယောက် ချင်းနဲ့သူ့မိသားစုအတွက်သာ အကျိုးသက် ရောက် မှုရှိတာမဟုတ်ပါဘူး။ အစုအ ဖွဲ့အားလုံးကို အကျိုးသက် ရောက်စေပါ တယ်။ မိသားစုလူနေမှု စနစ်သာမက အဖွဲ့အစည်း အားလုံးအဆင့်အတန်းမြင့်လာပါတယ်။ ဖွံ့ဖြိုးဆဲကမ္ဘာ က အမျိုးသမီး တွေကို အာဏာအပ်နှင်း လိုက်တဲ့အတွက် သတင်းထောက်များဖြစ်ကြတဲ့ Nicholas Kristofနှဲ့ Sheryl Wu Dunn တို့ဟာ အတော်ပဲ အားတက်သွားကြပါ တယ်။ သူတို့ဟာ စာအုပ်တစ်အုပ်ရေးကြပါတယ်။ Oppression into Opportunity for Women Worldwide. မိုးကောင်းကင် တစ်ဝက်၊ ကမ္ဘာ တစ်ဝန်း အမျိုးသမီး တွေ အတွက် ဖိနှိပ်မှုကနေ အခွင့်အရေးကို ပြောင်းသွားပါတယ်။

အမျိုးသမီးတွေဟာ ကမ္ဘာ မှာ လူ့အခွင့်အရေးတွေ ချိုးနှိမ်ခံနေရတာကို တင်ပြပါ တယ်။ နောက်သတင်းထောက် ၂ယောက် ပြောသေးတာက ကမ္ဘာ မှာ လူမှုရေးဖွံ့ဖြိုးမှုနဲ့ စီးပွားရေး အောင်မြင်မှုတွေဟာ သာဓကပဲလို့ဆိုပါတယ်။ ကမ္ဘာ အနှံ့မှာရှိတဲ့ အမျိုးသမီး တွေဟာ အကြမ်းဖက်မှု ခံစားရတယ်။ လိင်ကျွန် အပြုခံရတယ်။ တရုတ်နိုင်ငံ မှာဆိုရင် ဆင်းရဲ နွမ်းပါး တဲ့နိုင်ငံရပ်ခြားက မိန်းမသားအ များအပြားဟာ လူကုန်ကူးလိင်ကျွန်ပြု ခံနေရပါ တယ်။ နောက်တခြား ခက်ထန်ကြမ်း တမ်းတဲ့ဖိနှိပ်မှုတွေ ခံရပါတယ်။ မိန်းမတွေဟာ မဟုတ်တရုတ် ပြုကျင့်ခံရတယ်။ အသေးစားငွေချေးစနစ်ဟာ အမျိုးသမီးတွေအဖို့ အလွန် အရေး ပါပါတယ်။ ဒါဟာ သူတို့အဖို့ အကောင်းဆုံးလက်နက်လည်းဖြစ်ပါတယ်။ ဒီဆိုးဝါးတဲ့ အခြေ အနေ တွေ ကနေ သူတို့ကိုကယ်ထုတ်နိုင်ပါတယ်။ ပါကစ္စတန် မှာရှိတဲ့Saima ဆိုတဲ့ အမျိုး သမီးတစ်ယောက်ဆိုရင် အလုပ်မရှိတဲ့သူ့ခင်ပွန်းဟာသူ့ကိုအမြဲပဲ ရိုက်နှက်နေ ပါတယ်။ ကလေးတွေအတွက်လည်း စားစရာမလုံလောက်ပါဘူး။


သူမဟာ အသေးစား ငွေချေးအစီအစဉ်ကို ဆက်သွယ်လိုက်ပါတယ်။ အကြွေး ၆၅ ဒေါ်လာနဲ့ စက်ချုပ်လုပ်ငန်းနဲ့ ငွေရင်းမတည်ပါတယ်။ သူမဟာ အောင်မြင်လာပြီး တခြား အလုပ်သမား တောင် ငှားရမ်းတိုးချဲ့ရပါတယ်။ သူမက လေးတွေကို ကျောင်းပို့နိုင်ပြီး ဘ၀ ကောင်းလေး တစ်ခု ရရှိပါတယ်။ ဒီအသေးစား ငွေကြေးမတည်မှုဟာ အရာအားလုံးကိုတော့ မဖြေရှင်း နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီအသေးစား ငွေကြေးမတည်မှုဟာ ကမ္ဘာ တစ်ခွင်မှာရှိတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးတွေရဲ့ ဘ၀ကိုတော့ ဒီအနည်းအကျဉ်းသော အကူအညီက လေးဖြင့် ပြောင်းလဲစေပါတယ်။ 
 Popular News

အင်္ဂါဂြိုဟ်ပေါ်တွင်ရေရှိလျှင် သက်ရှိများလည်း ရှိနိုင်မည်လား


နာဆာ ( (NASA-National Aeronautics and Space Administration) မှ အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိနိုင်ကြောင်း လက္ခဏာများ တွေ့ရှိရာ၊ သက်ရှိများလည်း ရှိနိုင်သည်ဟု ယူဆစရာဖြစ်လာသည်။
နာဆာ၏အင်္ဂါဂြိုဟ်အားစူးစမ်းရှာဖွေသော အစီအစဉ်ဖြစ် သော (Mars Exploration Program) သည် အနီရောင်ဂြိုဟ် ဟုလည်းခေါ်သောအင်္ဂါဂြိုဟ် ပေါ်တွင် သက်ရှိအမျိုးအစား များရှိနိုင်မည်လားဟုအဖြေပေးနိုင်ရန်ပိုနီးးစပ်လာပြီဖြစ်သည်။


ထို့ကြောင့် အင်္ဂါဂြိုဟ်သည်အနာဂတ်တွင် လူတို့၏အာကာသ စူး စမ်းမှုခရီးများ၏ပန်းတိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဟု နာဆာ၏ စီမံခန့်ခွဲရေး အရာရှိ ချားလ်စ်ဘိုလ်ဒဲန် ကပြောသည်။ အင်္ဂါဂြိုဟ်၏ပူနွေးသောလများတွင် ဂြိုဟ်၏ မျက်နှာ ပြင်ပေါ်တွင် ရေစီးဆင်းမှုရှိနိုင်ကြောင်းအား အင်္ဂါဂြိုဟ်ကိုပတ်၊ထောက်လှမ်း သောMars Reconnaissance Orbiter) က မကြာမီတွင် တွေ့ရှိခဲ့သည်။ ဂြိုဟ်၏နွေဦးနှောင်းပိုင်းမှ နွေရာသီတစ်လျှောက်တွင် ဆင်ခြေလျှော မျက်နှာပြင်များတွင် လူ၏လက်ချောင်းကလေးများ ပုံသဏ္ဍာန်တွ့ရပြီး ဆောင်းတွင်း တွင် ပုံသဏ္ဍာန်များပြတ်ပြတ်သားသားမရှိဘဲနွေဦးတွင် ပြန်ပေါ်လာသည်။

ယင်းပုံဏ္ဍာန်များ ပေါ်လာပုံ၏ အကြောင်းရင်းမှာဆားငံရည်စီးဆင်းမှု ရှိသောကြောင့်ဟု အများဆုံး ထင်ရသည်ဟု အဲဖရက် မက်အီဝဲန် ကပြောသည်။ မက်အီဝဲန်မှာ အမေရိကန်ပြည် ထောင်စု အာရီဇိုးနား(ဗမငဖသညေ) ပြည်နယ်တူးစန် မြို့ရှိ အာရီဇိုးနာတက္ကသိုလ် မှ ဖြစ်သည်။ သူသည် အင်္ဂါဂြိုဟ်အား စူးစမ်းသော(Mars Reconnaissance Orbiter၏ ပုံရိပ်နှင့်ပတ်သက်သောစမ်းသပ်ချက်(ံHigh Resolution Imaging Science) တွင် ပါဝင်လုပ်ဆောင်နေသူတစ်ဦးဖြစ်သည်။

ဆားငံရေစီးဆင်းမှုရှိသည်ဆိုသော ယူဆချက်မှာ တိကျမှုမရှိသေး သော်လည်း အခြားထင်မြင်ယူဆချက်များနှင့် နှိုင်းယှဉ်လျှင်အဖြစ်နိုင်ဆုံးဖြစ် သည်။ ဆားငံရေ မဟုတ်ပါဘဲ ရေချိုဆိုပါက စီးဆင်းမှုမရှိဘဲ ရေခဲနေမည်ဖြစ် သည်။

The Best Antivirus for 2012


New model-year security products used to come out in the fall, like new model-year cars. This year the first 2012 antivirus (G Data AntiVirus 2012 ($29.95 direct, 3.5 stars)) turned up way back in May. So far PCMag has reviewed nine antivirus tools explicitly identified as 2012 models, along with several others released during the same period. Which of these recent releases is the best?

Testing the Tools

To evaluate antivirus utilities I rely on hands-on, real-world testing. The malware removal test involves installing each product on a dozen malware-infested virtual machines and challenging it to clean them up. For the malware blocking test I attempt to install the same collection of threats on a clean system protected by the product being tested. These two articles explain how I get from those tests to the figures in the chart that follows: How We Test Malware Removal, How We Test Malware Blocking.


PCMag test results for 2012 antivirus products

I also refer to reports from major independent antivirus testing labs. The labs have vastly more resources than I do, so they can perform large-scale tests that would take me too long. The chart below specifically lists results for the companies whose 2012 products are rounded up here. For full details on how I interpret these lab results see How We Interpret Antivirus Lab Tests.

မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် တရားဝင်ပါဝင်မည်

မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရားဝင် ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ရေး အဖွဲ့(Myanmar NLP Lab) မှစက်တင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။


Windows 8 ၌ပါဝင်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Mya-nmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။ ထွက်ရှိမည့်ရက်ကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ၂၀၁၂ ခုနှစ်တွင် ဖြန့်ချိရန် လျာထားသည့် Windows 8 ၏ Preview versionကို စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။


ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထွက်ရှိခဲ့သော Mac OS Lion ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် ပါဝင်လာခဲ့ပြီးနောက် ယခုအချိန်တွင်Windows 8ကွန်ပျူတာစနစ်တွင်ပါ မြန်မာစာစနစ် တရားဝင် ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။


လက်ရှိအချိန်တွင် ပြည်တွင်း မှကွန်ပျူတာ သုံးစွဲသူအများစုမှာ Windows စနစ်ကို အများဆုံး အသုံးပြုနေသဖြင့် Windows 8 ကွန်ပျူ တာစနစ်၌ မြန်မာစာစနစ်တရားဝင် ပါဝင်လာခဲ့ခြင်းကြောင့် မြန်မာ ယူနီကုဒ် သုံးစွဲသူ အရေအတွက် ပိုမို ကျယ်ပြန့်လာနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။